Part.7

7.2K 144 0
                                    

      ဂျစ်တိုက်တတ်သောကလေးဆိုး

မနက်ဝေလီဝေလင်းအချိန်မှာဆောင်းချယ်ရီတစ်ယောက်ခေါင်းတစ်ခုလုံးထုချေခံထားရသလိုခံစားလိုက်ရပြီးသူမခန္ဓာကိုယ်တစ်ခုလုံးကလည်းနာကျင်၍နေလေသည်။

''အာ့ ကျွတ်ကျွတ်''

သူမအိပ်ရာမှထဖို့ပြင်လိုက်စဥ်သူမခေါင်းအောက်ကလက်ပိုင်ရှင်ကိုလှည့်ကြည့်လိုက်မိသည့်တစ်ခဏအတွင်းသူမမျက်လုံးတွေပြာတောက်၍သွားလေသည်။

''ဟင်''

ပြီးတော့သူမကိုယ်ပေါ်မှာကသူ့ရှပ်အင်္ကျီကြီး။

ချယ်ရီအိပ်ရာကထမလို့ပြင်တုန်းမင်းမြတ်ကသူမကိုယ်လုံးလေးအားဆွဲဖက်လာ၏။
သူမအခန်းပတ်ပတ်လည်ကိုကြည့်မိစဥ်မှာလူကခုနကထက်နေရတာပိုဆိုးသွားလေသည်။
ဒါဦးလေးဖြစ်သူရဲ့စာဖတ်ခန်းကြီးလေ။

ထိုစဥ်မင်းမြတ်ကသူမအားမျက်လုံးဖွင့်ကြည့်လာ၏။
သူညကအဖြစ်တွေကိုကောင်းကောင်းမှတ်မိပါသည်။ထိုနည်းတူ ချယ်ရီလည်းမှတ်မိမယ်လို့သူထင်သည်။

သူတို့နှစ်ယောက်လုံးအိပ်ရာမှတစ်ပြိုင်တည်းထထိုင်လိုက်ကြပြီးမင်းမြတ်က

''ချယ်ရီ ညကကိစ္စငါတောင်းပန်ပါတယ် နင်ငါ့ကိုဘယ်လိုဖြစ်စေချင်လဲ''

''ငါ ဟို''

ထိုစဥ်စာဖတ်ခန်းတံခါးပွင့်သွားပြီးဦးလေးဖြစ်သူတမာန့်ရဲ့မျက်နှာကဘွားခနဲပေါ်လာ၏။
မင်းမြတ်ကြောက်အားလန့်အားနဲ့ချယ်ရီ့နောက်ကျောမှာသွားကပ်လိုက်သည်။

''ထွက်ခဲ့ကြ''

သူတို့နှစ်ယောက်မျက်စိပျက်မျက်နှာပျက်နှင့်အခန်းထဲမှထွက်လာကာသူ့နောက်လိုက်လာကြ၏။
မင်းမြတ်အင်္ကျီကချယ်ရီဝတ်ထားတာမို့သူကတော့အပေါ်ပိုင်းဗလာနှင့်။

ဧည့်ခန်းကျယ်ကြီးထဲမှာတော့သူတို့နှစ်ယောက်သားတမာန့်ရှေ့မှာဇက်ကျိုးကျမတတ်ခေါင်းငုံ့ထားကြသည်။

''ဘယ်လိုဆက်လုပ်မှာလဲ''

''ဟို လေးလေးသာခွင့်ပြုမယ်ဆိုကျွန်တော်မမကိုခေါ်ပြီးချယ်ရီ့ကိုလာတောင်းပါမယ်''

လိုချင်တယ်...အချစ် [completed]Where stories live. Discover now