[ကြင်နာတတ်သောဘီလူးကြီး]
နဂိုကတည်းကဓမ္မတာလာရင်သူများတွေထက်ကိုပိုခံစားရသူပီပီ ခုလည်းလေညှင်းတစ်ယောက်အိပ်ရာထဲကမထနိုင်ပါ။
ဗိုက်ထဲကမခံမရပ်နိုင်အောင်နာကျင်နေပြီးခန္ဓာကိုယ်တစ်ခုလုံးကကိုက်ခဲနေကာလူကနုံးချိနေလေသည်။''ဘေဘီ ဆေးသောက်ရအောင်နော်''
အသံနဲ့အတူတမာန်ကသူမဘေးလာကပ်ပြီးလက်မောင်းလေးကိုကိုင်ကာပြောလာ၏။
''မသောက်ချင်ပါဘူး''
''ဘေဘီဆေးသောက်မှသက်သာမှာပေါ့ လိမ္မာတယ်ထ''
သူကလေညှင်းကိုယ်လေးကိုဆွဲထူပြီးသူမအားဆေးတိုက်လေသည်။
''လာ ပြန်လှဲအိပ်လိုက်''
လေညှင်းပြန်လှဲအိပ်ပြီးမကြာပါ။သူ့ရဲ့လက်ချောင်းတွေကလေညှင်းဗိုက်အောက်ပိူင်းကိုရောက်လာ၍လေညှင်းသူ့အားပြူးကြောင်ကြောင်နဲ့ကြည့်ပြီး
''ဘာလုပ်တာလဲ''
''ဒီလိိုနှိပ်ပေးတာကသွေးစီးဆင်းမှုကိုကောင်းမွန်စေပြီးသားအိမ်ဆီကိုသွေးရောက်စေလို့ဗိုက်နာတာကိုသက်သာစေတယ်တဲ့''
''ဘယ်သူပြောတာလဲ''
''googleကလေ ဘယ်လိုလဲ နေလို့ကောင်းရဲ့လားဘေဘီ''
လေညှင်းမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့်
''အင်း''
လေညှင်းရဲ့ဗိုက်နဲ့ခါးကိုအသာနှိပ်ပေးနေသောသူ့ကိုလှမ်းကြည့်ပြီးလေညှင်းနေရင်းထိုင်ရင်းကြက်သီးတွေထလာ၏။
သူကခုလိုလည်းဂရုစိုက်တတ်သလား။ခဏကြာတော့လေညှင်းနေရတာအနည်းငယ်သက်သာသလိုရှိလာပြီးလူကလည်းအိပ်ပျော်၍သွားလေတော့သည်။
.....
လေညှင်းတစ်ရေးနိုးတော့ဗိုက်ပေါ်ကအရာကြောင့်မျက်လုံးကိုပြူးပြဲဖွင့်ကြည့်ရာသူမဗိုက်ပေါ်မှာရေနွေးအိတ်တစ်ခုရှိနေပြီးသူကလည်းထိုင်လျက်နှင့်မေးထောက်ကာအိပ်ပျော်နေလေသည်။
လေညှင်းအိပ်ရာမှထပြီးသူ့လက်မောင်းကိုအသာကိုင်ကာ
''ဒီမှာ''
![](https://img.wattpad.com/cover/363225589-288-k903503.jpg)
YOU ARE READING
လိုချင်တယ်...အချစ် [completed]
RomanceCompleted ဉာဏ်နီဉာဏ်နက်မျိုးစုံသုံးပြီးEXရဲ့ညီမဒီဇိုင်နာမလေးကိုအပိုင်သိမ်းမယ့်လူကြီး