အပိုင်း ( ၁၅ )

109 3 1
                                    

နေရောင် : လမ်းတစ်ဝက်မှာ ကျန်ခဲ့တယ်



အတန်းပိုင် : ဟုတ်ပြီ ဟုတ်ပြီခဏနော်


------------------
Ring ring

ခန့် : ဟယ်လို...!အမိန့်ရှိပါ...



အတန်းပိုင် : လရောင်ရိပ်စစ် အဖေလားရှင်....



ခန့် : ဟုတ်ပါတယ်...အခုပြောနေတာဘယ်သူပါလဲ...?




အတန်းပိုင် : လရောင်လေးတို့အတန်းပိုင်ပါ...အခုလရောင်လေး ခြေထောက်‌ထိထားလို့လမ်းမလျှောက်နိုင်ဖြစ်နေတာမို့...လရောင်လေးကို လာခေါ်ပေးပါရှင်....




ခန့် : ဗျာ...ဟုတ်ဟုတ် အခုလာခဲ့မယ်နော်




မန်နေဂျာ :ဆရာဘယ်လဲ ခဏနေ အစည်းအဝေးရှိတယ်လေ...!





ခန့် : မင်းပဲကြည့်လုပ်လိုက် ငါအရေးကြီးနေတယ်.....!




မန်နေဂျာ : အဲ့တာကြောင့်ပြောပါတယ် ရုံးလဲ လာမနေပါနဲ့လို့ ပြီးရင် သူ့အလုပ်ချည်းပဲ ဘယ်တော့မှ အစည်းအဝေးမလာဘူး




ခန့် : လေပေါ မနေနဲ့ တစ်ခုခုလွဲရင် သေဖို့သာပြင်



မန်နေဂျာ : အသက်ကြီးလို့ပဲနော် စကားလုံးတွေကအောက်မဆင်းဘူး




ခန့် : ငါသွားပြီနော်...!




မန်နေဂျာ : ဆရာ ကားဂရုစိုက်မောင်အုံးနော်....

"နောက်ကိုလှည့်မကြည့်ပဲ ကားဆီကိုသာ အမြန်ရောက် အောင်သွားခဲ့တဲ့ ခန့် ကြောင့် အသက်20ကျော် ကောင်လေးတစ်ယောက် အသက်ကို ပြင်းပြင်းရှူလိုက်ကာ  ပြင်းပြင်းပဲ မှုတ်ထုတ်လိုက်မိသည်.."

" ဒီမန်နေဂျာလေးကတော့အရင်နှစ်လောက်ကမှ အသစ်ပြောင်းလာတဲ့ မန်နေဂျာ လူပျို အသစ်စက်စက်လေး ဖြစ်ပြီးတော့  မိဘ မဲ့ ကျောင်းမှာ ကြီးပျင်း ခဲ့ရပြီး အသက် 11နှစ်လောက်မှာမှ မွေးစားမိဘ တစ်ဦးကို ရရှိခဲ့တာ ဖြစ်ပါတယ်...အရမ်းချမ်းသာတဲ့ မိဘကိုပိုင်ဆိုင်ထားရတာ မဟုတ်ပေမဲ့ ဆင်းလဲမဆင်းရဲတဲ့ အလယ်အလတ်တန်းစား  ထဲကပေါ့...မွေးစားထားတဲ့ သူကလဲ ယောင်္ကျားသားတစ်ဦးဖြစ်ပြီး  မန်နေဂျာလေးကို အိမ်ဖော် လိုလို့သာ မွေးတယ်လို့အမြဲ ပြောတတ်ပြီး သားတစ်ဦးလို ပညာတတ်မြောက်အောင်သင်ပေးတယ် ဘာမှ လိုအပ်သည်မရှိအောင်ထားသည်...အိမ်အလုပ်ဆိုလဲ ခိုင်းပြီးတစ်ခါတစ်လေ သူကပါ ဝင်လုပ်တတ်သေးသည် မန်နေဂျာလေးကတော့ ထိုအမျိုးသားကိုသိပ်ကျေးဇူး တင်နေသည်မှာအမှန်ဖြစ်တာကြောင့် ထိုကျေးဇူးရှင်ကို  မစော်ကားမိဖို့ အမြဲ ကို့ကိုယ် ကိုဆုံးမတတ်သည်...တစ်ခုခုဆို ကြိုးစားတတ်..လိမ္မာရေးခြားရှိပြီး...ပြောင်ချော်ချော်နေတတ်တဲ့ မန်နေဂျာ လေး ကို  မွေးစားသူ အမျိုးသား ပေးအပ်ထားတဲ့ နာမည်က ဇေသူရမောင် တဲ့...."
(အိမ်အမည် - သဘာဝ)

(U & Z)➿💗အချစ်ဖွဲ့နှောင်ကြိုး💗➿(S 2)Where stories live. Discover now