( အပိုင်း + ၁၃ )

80 5 0
                                    

ခန့် : စတာစတာ ကားပေါ်တက် သွားစို့ လရောင် မင်းနွားနို့ခွက်တွေ ဆေးပြီးမှ လိုက်ခဲ့


လရောင် : ဟင့်...!ယုတ်မာလိုက်ကြတာ!!

"သူတို့ရဲ့ နယ်ဘက်က အနီး‌ဆုံး ဘုရားဆီကိုပဲ ဦးတည်ကာ ကားမောင်းခဲ့ကြလေသည်...."

"ဘုရားက နီးသည်ဆိုပေမဲ့လဲ အနည်းဆုံး နာရီဝက်တော့ မောင်းရသည်..."

"ခန့် နဲ့ ရုဏ်ကတော့ ရှေ့ ခန်းမှာထိုင်ပြီး နေရောင် နှင့် လရောင်ကတော့ နောက်ခန်းမှာထိုင်သည်"

"ကားပေါ်စတက်ကထဲက စာကျက် နေတဲ့ နေရောင့်ကို လရောင် အနည်းငယ်တော့အမြင်ကတ်မိသည် မိဘတွေရှေ့မို့ လရောင်အဆူခံရအောင် လုပ်နေသည့်အလားပင် "

လရောင် : နေရောင်...!

"ခေါ်ပေမဲ့လဲ မတုန်မလှုပ်ပဲ စာအုပ်နဲ့ မျက်လုံးက အနည်းငယ်မှ ကွဲကွာ မသွားချေ...."

လရောင် : ခေါ်နေတယ်လေ...!


နေရောင် : အင်း....!နားပါတယ် ခဏခဏမခေါ်နဲ့...!

"စကားပြန်ပြောခဲ့ပေမဲ့လဲ စာအုပ်နဲ့မျက်နှာက ခုနက အတိုင်း ထပ်ချက်မခွာရှိလို့နေသည်..."

ရုဏ် : သားငယ် ကိုကို့ကို မအော်ရဘူးနော်...

"ရုဏ် စကားထပြောမှ ‌နေရောင် ရုဏ့်ကို လှမ်းကြည့်ကာ စာအုပ်ပိတ်ပြီး အပြင်ကိုသာလှမ်းကြည့်နေသည်.."

"သေချာတာက လရောင် သတိထားမိသွားသည် နေရောင်က သူ့ကို ကိုကိုလို့ခေါ်တာ သေချာပေါက် မုန်းသည်"

လရောင် : ကိုကိုကလဲ သားကစတာပါ...!စိတ်မဆိုးနဲ့နော် ကိုကိုနော်...!



နေရောင် : လီး...ကိုကိုလား!!တကယ် စိတ်ပျက်ဖို့ ကောင်းတယ် မခေါ်နဲ့...!



လရောင် : ငါက အတန်းထဲက နွေတန်ခူး မဟုတ်လို့မလား...!!မင်းမကြိုက်တာ


နေရောင် : မင်းမဟုတ်တာတွေ မပြောနဲ့နော် မင်းလိုမဟုတ်ဘူး...!


လရောင် : ဟင် ဘာလို့မဟုတ်ရမှာလဲ...!ကိုကို‌တန်ခူးကို ဒီစာလေးရှင်းပြပါ့လားဟင် နားမလည်လို့ပါ နော်ကိုကို နော် ...!ဆိုပြီးပြော တုန်းက မင်းသာယာပြီးစာတွေ ရှင်းပြခဲ့တာလေ...!မေ့သွားပြီလား..!



(U & Z)➿💗အချစ်ဖွဲ့နှောင်ကြိုး💗➿(S 2)Where stories live. Discover now