နေရောင် : မင်း အင်းကျီ ဘယ်နှခါ လဲလဲ ငါကပဲမင်းကိုအရင်လောင်းမယ်...ငါကျောင်းကပြန်လာလို့ မင်း ငါပြင်ပေးတဲ့ပုံစံအတိုင်းရှိမနေရင် ငါစိတ်ဆိုးမှာနော်...
လရောင် : အေးပါကွာ အခန်းပြင်တောင်မထွက်ဘူး စိတ်ချ...
နေရောင် : ပြီးရော ချစ်စရာအလှလေး....
လရောင် : အဲ့လိုမခေါ်နဲ့ကွာ ထိုးမှာနော်...
နေရောင် : တော်ပါကွာ ငါ 1နာရီလောက်ပဲ ဖြေရမှာဆိုတော့ သွားတာနဲ့ပြန်တာနဲ့အချိန်ပေါင်းရင် တစ်နာရီခွဲလောက်တော့ကြာမယ် မင်းသာဂရုစိုက်နော် အလှလေး...
လရောင် : သွားကွာ...ငရှုတ်ကောင်...
"နေရောင် ပြုံးပြကာ လိုအပ်တဲ့လွယ်အိတ်တွေ ယူပြီး အခန်းပြင်ထွက်သွားသည်"
ခန့် : သား...မင်းသွားတော့မှာလား....
နေရောင် : ဟုတ်daddy....သွားတော့မလို့...
ခန့် : daddyလိုက်ပို့မယ်လေ...နောက်ကျနေမယ်....
နေရောင် : ဟုတ်daddy....
"ထိုအချိန် အဘွားအခန်းမှ ထွက်လာတဲ့ ရုဏ့်ကို တွေ့လိုက်တော့ နေရောင် လှမ်းနှုတ်ဆက်လိုက်သည်"
နေရောင် : ဖေဖေသားသွားတော့မယ်နော်
ရုဏ် : အော်...သားသွားတော့မှာလား...ခဏလေးနော် ခဏလေး....
"အိမ်ပေါ်ကို အပြေးအလွှားတက်သွားကာ ဘုရား စဉ် ပေါ်မှ သပြေအိုးထဲက အခက်တစ်ခက်ကို ချိုးလာတာ အောက်ထက်ကို အပြေးအလွှားဆင်းလာသည်"
ရုဏ် : ရော့သား....
"နေရောင့် လက်ထဲကို ထည့်ပေးလိုက်သည်"
နေရောင် : ဖေဖေကတော့လေ....သားကဖြေနိုင်မှာပါဆို...
ခန့် : လျှာရှည်လိုက်တာကွာ မင်းအဖေအကြောင်းလဲသိရဲ့နဲ့....ယူထားလိုက်....
ရုဏ် : ရော့ အိတ်ကပ်ထဲ ထည့်လိုက်စမ်းပါ သေသေချာချာ....
နေရောင် : ဟုတ်ကဲ့ပါဗျာ...
ခန့် : သားငယ်လဲမတွေ့ပါ့လား ဘယ်မလဲ...
YOU ARE READING
(U & Z)➿💗အချစ်ဖွဲ့နှောင်ကြိုး💗➿(S 2)
General Fiction"တချို့သောအရာတွေဟာယုံကြည်လို့မရဘူးဆိုတာ ကျွန်တော်သိတာမို့ သူသေချာပေါက်ကျွန်တော့်ဆီကိုပြန်လာမယ်ဆိုတာ ကျွန်တော်ယုံကြည်တာပေါ့"