ခန့် : အမလေး အဖေရေ အဖေ...သားအဖြစ်ကိုလာကြည့်လှည့်ပါအုန်း....အဖေမကြိုက်တာတွေသားလုပ်ခဲ့တာ အခု သားဝဋ်လည်နေပြီ အဖေရေ..အဖေရဲ့
လရောင် : နားညီးလိုက်တာ daddyရာ ဘိုးဘိုးလဲကြားရင် နားညီးနေမယ် အသံဆိုးကြီးနဲ့မအော်ပါနဲ့
နေရောင် : နားသာ ပိတ်ထားဟေး
" ခန့် အဲ့သည်လို အော်လိုက်မှပဲ နှစ်ယောက်လုံး ငြိမ်ကျသွားလေတော့သည်...."
"ကားလေးကိုငြိမ်သက်စွာခရီးဆက်လာတော့ နောက်ဆုံးအိမ်သို့ရောက်ရှိလာလေ သည်"
ခန့် : ကျေးဇူးရှင် တို့ ဆင်းလို့ရပါပြီခဗျာ...
"အိမ်က ကားသံကြားတာမို့ ရုဏ် အိမ်ထဲက ထွက်လာသည်..."
ရုဏ် :ဟဲ့...ဒီသားအဖတွေ စောလှချည်လားမင်းတို့လဲ ကျောင်းမဆင်းသေးပဲနဲ့....
ခန့် : ဟိုမယ်လေ...ကျေးဇူးရှင်လေး မောင်လရောင် ကျောင်းမယ် ချော်လဲတာ လမ်းမလျှောက်နိုင်ဘူးဆိုလို့...အတန်းပိုင်ကဖုန်းဆက်လို့ သွားခေါ်ပြီး မုန့်လိုက်ကျွေးထားရတယ်...သားကြီး ထမင်းပေါင်းနဲ့ကြက်ပေါင်း ကားထဲမယ် ရှိတယ် ဝင်ယူလိုက်အုန်း ပြီးရင် ဖေဖေ့ကို ပေးလိုက်နော်....ရုဏ့်အတွက်က ထမင်းပေါင်း အမေ့အတွက်က ကြက်ပေါင်း ဝယ်လာခဲ့တာ
ရုဏ် : အမလေး..သတိရသေးတယ်နော်...
ခန့် : ဒီကချစ်ရတာ...အမြဲ သတိရနေရတာပေါ့ ရုဏ်ရယ်....
ရုဏ် : အပိုတွေပါဗျာ....
"ထိုမြင်ကွင်းကို မြင်နေရတဲ့ နေရောင်နဲ့လရောင်ကတော့ သူတို့ကို ကြည့်ပြီး ရုပ်တည်ကြီးေတွနဲ့ ရပ်ကြည့် နေကြရင်း လရောင်ကစကား စ လိုက်သည်"
လရောင် : ကိုနေ ရေ...
နေရောင် : အေးညီလေး လာလာ ကို လိုက်ပို့ပေးမယ်....ကျောပိုးရမလား
လရောင် : ရတယ်ရတယ်...လမ်းလျှောက်လို့ရမှာပါ ဘေးကတွဲပေး...
ခန့် : ဘာကိစ္စ..လမ်းလျှောက်လို့မရ ရမှာလဲ မင်းပဲ ဆိုင်ထဲကနေ လမ်းလျှောက်ထွက်သွားပြီးတော့...
နေရောင် : မတူတော့ဘူးလေဗျာ...ဆိုင်မှာ တုန်းကမနာတာ..အခုနာလို့နေမှာပေါ့
YOU ARE READING
(U & Z)➿💗အချစ်ဖွဲ့နှောင်ကြိုး💗➿(S 2)
General Fiction"တချို့သောအရာတွေဟာယုံကြည်လို့မရဘူးဆိုတာ ကျွန်တော်သိတာမို့ သူသေချာပေါက်ကျွန်တော့်ဆီကိုပြန်လာမယ်ဆိုတာ ကျွန်တော်ယုံကြည်တာပေါ့"