"ဒီလိုနဲ့ အသွားတုန်းက ဆူညံလာတဲ့ကားတစ်စီးက အပြန်မှာတော့တိတ်ဆိတ်သွားလေသည်.."အိမ်ရောက်တော့လဲ အခန်းကိုယ်စီဝင်ကြပြီးပုံမှန်လုပ်နေကြတွေကိုပဲ ဆက်လုပ်ကြလေသည်..နေရောင်ကလဲ စာကျက်သလို လရောင်ကတော့ ရေကူးကန်ဘက် ထွက်သွားသည်...ရုဏ်ကတော့ သူ့အမေနားသွားထိုင်နေကာ ခန့်ကတော့ ရုံးကို အစည်းအဝေးကိစ္စနဲ့ သွားရပြန်သည်..."ပျော်စရာထင်ရပေမဲ့လဲ တစ်ချို့အချိန်တွေကြ မသိကြတဲ့လူတွေလို အိမ်ဟာ ချောက်ခြားဖွယ်ရာ ဖြစ်နေသည်...ကမ္ဘာပျက်ရင်တောင် နေရောင်ကစာကိုပဲ အာရုံစိုက်ပြီး အသေခံမဲ့ အလားပင်....သေချာတာက နေရောင်က သူ့မိဘနဲ့ တူတဲ့ သားတစ်ဦးမဖြစ်ချင်သည်မှာအသေအချာပင်"
_____မနက်_____
ရုဏ် : ဟဲ့...ထကြတော့ ကျောင်းသွားရမယ် 8နာရီထိုးတော့မယ်....!
ခန့် : နေရောင်ရေ...!သားကြီး...
"အပေါ်ထပ်မှာ လရောင် အောက်သို့ဆင်းလာရင်း ခန့်သို့ စကားစသည်...."
လရောင် : ဗျာ...သားနိုးနေပြီ....နေရောင်က မရှိဘူးdaddy...! ကျောင်းသွားတယ်ထင်တယ်..!
ခန့် : ဟင် အစောကြီးကို...!
လရောင် : သားလဲမသိဘူး...ဒီထက်တောင်စောသေးတယ် အစောကြီးပဲ ထပြီးသွားတာ ဘာလုပ်မလို့လဲ မေးတော့ ကျောင်းသွားမလို့ဆိုပြီး အခန်းထဲကထွက်သွားတာ...သားလဲပြန်အိပ်နေလိုက်တာ..!
ရုဏ် : ဟုတ်လား...!ဒီကလေးဘာတွေ ဖြစ်နေပါလိမ့်....!!
ခန့် : ဒါဆို မြန်မြန်လုပ် လရောင် သွားစို့....
လရောင် : ဟုတ်ဟုတ် လာပြီ...!ဖေဖေ မနက်စာမစားတော့ဘူး ဘူးနဲ့ထည့်ပေးလိုက်တော့....!!
ရုဏ် : ok...baby
လရောင် : အဲ့တာကြောင့် ဖေဖေ့ကိုချစ်တာ ဟီးဟီး...!
ခန့် : မြန်မြန်လုပ်ကြ နောက်ကျနေပြီ....!
ရုဏ် : ပြန်ပါပြီဗျာ...! ရော့..သားငယ်
လရောင် : တာ့တာ မွမွ...
ရုဏ် : အခုမှလာချွဲမနေနဲ့ သွားတော့...!
( လရောင်တို့ကျောင်းသွားတော့ ရုဏ်လဲ သူ့အမေရှိရာ အခန်းကို ပဲဦးတည်လာတော့လေသည် )
YOU ARE READING
(U & Z)➿💗အချစ်ဖွဲ့နှောင်ကြိုး💗➿(S 2)
Ficción General"တချို့သောအရာတွေဟာယုံကြည်လို့မရဘူးဆိုတာ ကျွန်တော်သိတာမို့ သူသေချာပေါက်ကျွန်တော့်ဆီကိုပြန်လာမယ်ဆိုတာ ကျွန်တော်ယုံကြည်တာပေါ့"