2

329 45 4
                                    

"ကြာလိုက်တာဆေးလိပ်ထွက်သောက်တာကလဲ"

"အင်း ကိစ္စလေးတွေနည်းနည်းရှိနေလို့"

"ဘာကိစ္စလဲပြောပြလေ"

"ဒီလိုဘဲ"

"အကြာကြီးနေမှဒီလို ၃ ယောက်ပြန်ဆုံရတာကိုမင်းကမပြောမဆိုပြန်သွားပြီထင်တယ်ဆိုပြီးရစ်ခီကပြောနေတာ"

ဂယူဘင်းရဲ့အပြောကို ဟန်ဘင်းသဘောကျစွာရယ်မောရင်းရစ်ခီကိုလှမ်းမေးလိုက်သည်။

"ဟုတ်လားရစ်ခီ"

"ဟုတ်တယ်လေ ဆောင်းဟန်ဘင်းဆိုတဲ့ကောင်ကပြောလို့မှမရတာ
မင်း!! မျက်နှာကဘာဖြစ်တာလဲ"

ရစ်ခီကသူ့လက်ထဲကအရက်ခွက်ကိုချကာ ဟန်ဘင်းရဲ့ပါးခုနက အထိုးခံလိုက်ရလို့နီရဲနေတဲ့နားကိုခပ်ဖွဖွထိကာမေးသည်။

"ဘာမှမဖြစ်ပါဘူး ခုနကကိစ္စဝင်ပါရင်းထိုးခံလိုက်ရတာ"

"ဘာ!! အခုရှိသေးလားငါနဲ့တွေ့မယ် ရာရာစစငါ့လူကိုလာထိရဲတာ"

"ဟာ ဟေ့ရစ်ခီဘာမှမဖြစ်ဘူး ကောင်လေးတစ်ယောက်ကိုဝိုင်းထိုးဖို့လုပ်နေကြလို့ ကူညီပေးရင်းက တစ်ချက်ထဲပါ"

ရစ်ခီကအလိုမကျစွာနဲ့ ဟန်ဘင်းကိုကြည့်ရင်းဘဲထိုင်ခုံမှာပြန်ထိုင်လိုက်သည်။

ဒီလိုပါဘဲ ရစ်ခီရှန်က ဟန်ဘင်းနဲ့ပတ်သတ်ရင်အထိမခံနိုင်သူ ၊ ငယ်ငယ်လေးထဲကပေါင်းလာတဲ့ သူငယ်ချင်းသုံးယောက် ၊ ရစ်ခီနဲ့ဂယူဘင်းက ဟန်ဘင်းထက်ငယ်ပြီး သူတို့ကအရင်သူငယ်ချင်းဖြစ်တာပါ သူတို့ကချမ်းသာတဲ့အတိုင်းဝိုင်းကဖြစ်ပြီး ဟန်ဘင်းကတော့ ရစ်ခီ့အဖေ ရှန်ဥက္ကဌကြီးရဲ့ အတွင်းရေမှုးဆောင်းဗြောင်ချမ်းရဲ့သားပင်။

ငယ်ငယ်တည်းက တူတူကြီးလာကြတာ
ဂယူဘင်းနဲ့ရစ်ခီတို့ကလဲနှစ်အိမ့်တစ်အိမ်လိုတူတူနေလာကြတာဆိုတော့ ရစ်ခီနဲ့ခင်ရင်းက ဂယူဘင်းနဲ့ပါခင်သွားသည် ။ ဥက္ကဌရှန်ကလဲ ဟန်ဘင်းကိုချစ်တာကြောင့် ရစ်ခီတို့နဲ့တန်းတူကျောင်းကောင်းကောင်း တက္ကသိုလ်ကောင်းကောင်းမှာပါထားပေးခဲ့သည်။

အရင်ကဟန်ဘင်းပုံစံကဒီလိုမဟုတ် အရမ်းသဘောကောင်းပြီးဖွေရွေသူ ၊ အမြဲလိုလိုပြုံးနေတတ်သူဖြစ်သည်။ ဟန်ဘင်းဘဝထဲ လူတစ်ယောက်နှင့်ပတ်သတ်မိပြီးတည်းက ဆောင်းဟန်ဘင်းဆိုတာဒီလိုမျိုး ဘယ်အရာကိုမှအလေးအနက်မရှိတော့ဘဲခပ်ပေါ့ပေါ့နေတတ်တဲ့သူဖြစ်သွားခဲ့သည် ၊ ဟန်ဘင်း အဲ့ဒီ့လူနဲ့ပတ်သတ်ခဲ့မိပြီး အရှုံးသမားဖြစ်နေရတုန်းတိုက်တိုက်ဆိုင်ဆိုင် ဟန်ဘင်းရဲ့အဖေကလဲဆုံးပါးသွားခဲ့သည် ရစ်ခီကလဲတရုတ်မှာ ဂယူဘင်းကလဲ လန်ဒန်မှာ အဲ့တုန်းကနှစ်ယောက်လုံးပြန်လာအားပေးကြပေမယ့် ဟန်ဘင်းကိုယ်တိုင်ကတစ်ယောက်တည်းနေရတာကိုပိုနှစ်သက်လာခဲ့လို့ အခု Shen Groupမှာ မန်နေဂျာချုပ်ရာထူးနှင့်အလုပ်ရထားပြီး ဒီနေ့ကတော့ ၁ နှစ်ကျော် ၂ နှစ်နီးပါးကြာမှ ၃ ယောက်တူတူပြန်ဆုံရတာလေ။

YOURS Where stories live. Discover now