6

310 43 4
                                    

နောက်နေ့မနက်ဘဲရှိသေးသည် မက်သရူးကတော့အရမ်းကိုတက်ကြွနေပါပြီ ၊ မက်သရူးရဲ့အိမ်မက် Company Shen Groupမှာလုပ်ရတော့မှာလေ အထူးသဖြင့် ဆောင်းဟန်ဘင်းနဲ့တူတူလုပ်ရမှာကပိုစိတ်လှုပ်ရှားဖို့ကောင်းတယ်မလား။ ရစ်ခီနဲ့လဲတရုံးထဲဘဲမလား

မက်သရူးမှန်ထဲကနေဆံပင်ကိုသေချာဖီးခပ်ရင်းပြုံးပြီးတွေးနေရာကနေ ဆူပုတ်သွားသည်။

"ဟူး.."

ဒါပေမယ့်လဲမက်သရူးပြုံးနေရမှာဘဲ ပင်ကိုစရိုက်ကိုက ပြုံးနေတတ်တာလေ။

မက်သရူး လွယ်အိတ်လေးထဲ laptop,airpod,ပိုက်ဆံအိတ်နဲ့ဆေးလိပ်ဗူး .. ကိုကို့ဆေးလိပ်ဗူးကိုပါထည့်လိုက်သည် ၊ ကိုကိုကစကားနားထောင်မယ်တော့မထင်ပါဘူး စတွေ့တည်းကရယ် ဆေးလိပ်ဘဲသောက်နေတတ်တဲ့သူမလား ။

စိတ်ချကိုကိုခင်ဗျားဆေးလိပ်ထက်ကျွန်တော့်ကို
စွဲလမ်းရမယ် ။

~~~~

"မက်သရူးအတွက် ကြိုပြင်ပေးထားတာ ဒီမှာထိုင် ၁၂ လွှာမှာက မီးဖိုချောင်ရှိတယ်သုသေသနလုပ်ဖို့
မက်သရူးကလောလောဆယ်တော့ သုသေသနဘက်မှာကူပေးလိုက်နော်"

"အော်ဟိုမှာလာပြီဘဲ ကင်မ်ထယ်ရယ်လာပါအုန်း"

"ဟုတ်ကဲ့ မန်နေဂျာဆောင်း"

ဟန်ဘင်းကမက်သရူးအတွက် နေရာကြိုပြင်ပေးထားပြီးပါ ။ ကင်မ်ထယ်ရယ်ဆိုတာက မက်သရူးလိုဘဲအစမ်းခန့်ဝန်ထမ်းကနေ စာချုပ်ဝန်ထမ်းဖြစ်လာတာပါ အချိန်ပြည့်ဝန်ထမ်းတော့မဖြစ်သေးဘူးပေါ့ ဘာဘဲပြောပြောမက်သရူးအတွက်အဆင်ပြေမယ်ထင်လို့လေ ။

ကင်မ်ထယ်ရယ်ကမျက်မှန်လေးနဲ့ အူကြောင်ကြားလေးပင် ၊ အပြင်ကနေသူ့စားပွဲကို ရှုပ်ရှတ်ခံနေတဲ့စာရွက်တွေနဲ့ဝင်လာတာကို ကိုကိုကလှမ်းခေါ်လိုက်တာလေ။

ထယ်ရယ်မက်သရူးတို့အနားလာတော့ မက်သရူးမခံနိုင်လောက်အောင် ငါးနံ့ကထွက်လာသည် ။

"ငါးနဲ့ပတ်သတ်ပြီးသုသေသနလုပ်နေတာလား"

"သိသာနေလို့လား"

"အင်း"

မက်သရူးရဲ့အမေးကိုပြန်နားထောင်ပြီး ထယ်ရယ်က သူ့ကုတ်အဖြူကို ဟိုနမ်းဒီနမ်းလုပ်နေသည်။

YOURS Where stories live. Discover now