3

277 47 5
                                    

"ဆောင်းဟန်ဘင်းတဲ့ ကျွန်တော့ရည်းစားလေ
နော်ကိုကို"

မက်သရူးက ဟန်ဘင်းကိုကြည့်ပြီး ကိုကိုတဲ့ ၊ ကြည့်ရတာဒီကလေးဘာဇာတ်တွေရှုပ်ထားတာလဲမသိဘူး သူရေးတဲ့ဇာတ်ထဲ ဟန်ဘင်းကိုဝင်ပါခိုင်းနေသေးသည် ။

"အမ် ဟိုလိုရည်းစားရယ်လဲမဟုတ်ပါဘူး"

ဘေးကလူက သူ့ကိုဆွဲထိုးတော့မည့်ပုံပေါက်နေတာမို့ ဟန်ဘင်းလဲမတတ်နိုင်တဲ့အဆုံး ပြောမိပြောရာပြောမိသွားသည်။

ပြောလိုက်ခါမှ မက်သရူးကပိုဆိုးပြီး ဟန်ဘင်းနားပြေးလာပြီး ဟန်ဘင်းလက်ကိုလာချိတ်သည်။

"ကိုကိုကလဲ ဘာကိုဟိုလိုရည်းစားမဟုတ်တာလဲ ကိုကိုနော်"

ဟန်ဘင်းလက်ကိုဆွဲပြီးစိတ်ဆိုးတဲ့အမူအယာနဲ့ဟန်ဘင်းကိုကြည့်ပြီးကလေးသံလေးနှင့်ပြောလာသည်။

ဟန်ဘင်းလဲမက်သရူးကိုကြည့်ဘဲကြည့်နေမိသည် ဘာမှမပြောနိုင် ၊၊

"ဟုတ်ပြီလေ ကောင်းကောင်းနေခဲ့"

ရပ်ကြည့်နေတဲ့သူကလဲစိတ်တိုသွားတဲ့ပုံပေါက်ပြီး ဟန်ဘင်းတို့မျက်စောင်းထိုးဝိုင်းက မိန်းကလေးတစ်ယောက်တည်းထိုင်နေတဲ့ဝိုင်းမှာသွားထိုင်သည် ၊ ထိုလူကလဲသူ့ ပါတနာနဲ့သူလာတာဘဲ။

ထိုလူထွက်သွားတာနဲ့ မက်သရူးရဲ့မျက်နှာက ခုနက လိုပြုံးမနေတော့ဘဲ ချက်ချင်းတည်သွားသည် မက်သရူးကလဲ ထိုလူထိုင်နေတဲ့ဝိုင်းကိုလိုက်ကြည့်ပြီး စိတ်တိုနေတဲ့ပုံပေါ်သည်။ ဒီလိုကျ မာယာများတဲ့ကောင်လေးပုံစံနဲ့ ဆော့မက်သရူးက သိပ်ကြောက်စရာကောင်းသွားပြန်သည်။

>>>>>

"ခုနက တောင်းပန်ပါတယ်နော် အဲ့လူကရည်းစားဟောင်းလေ တွေ့နေရင်နှောက်ယှက်နေမှာဆိုးလို့"

"ရပါတယ်"

"စိတ်အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်နော် အဲ့အစားကျွန်တော်ညစာထပ်ဝယ်ကျွေးပါ့မယ်"

"တော်ပါပြီ"

"အကိုကစိတ်ဆိုးသွားတာလား"

ဟန်ဘင်းကခေါင်းခါလိုက်သည် ၊ မက်သရူးကိုကြည့်ရတာလဲ ဟိုလူနဲ့ရှိနေတာနေရခက်တဲ့ပုံပေါက်တာနဲ့ ဟန်ဘင်းကလဲ ပြန်ကြမလားအရင်မေးလိုက်တော့ ပေါက်စလေးကချက်ချင်းခေါင်းငြိမ့်ပြတယ်လေ။

YOURS Where stories live. Discover now