"ကိုယ့်အပိုင်ဖြစ်ပေးမလားမက်သရူး...မဟုတ်ဘူး
ကိုယ်မင်းအပိုင်ဖြစ်လို့ရမလား"မက်သရူးအစက နဲနဲကြောင်တောင်တောင်ဖြစ်သွားသည် ၊ ဘာတဲ့မင်းအပိုင်တဲ့ ဒီဘဲတော့စားပြီ !
"ဗျာ... အခုတွဲဖို့ပြောနေတာလား ဒီနေရာကြီးမှာလေ"
"ဘာဖြစ်လို့လဲ"
"မဖြစ်ပါဘူးသွားလိုက်အုန်းမယ်နော်"
"ဟေးဟေး ကိုယ့်ကိုပြန်ဖြေသွားအုန်းလေမက်သရူး"
ဟန်ဘင်းက မက်သရူးလက်ကိုလှမ်းဆွဲပြီး ကိုယ်တိုင်တစ်ခါမှမလုပ်ဖူးတဲ့ ငိုမဲ့မဲ့ရုပ်ကလေးနဲ့မက်သရူးကိုလုပ်ပြသည်။
"ကိုကို ရုံးကြီးမှာလေ နောက်မှဆက်ပြောမယ်"
မက်သရူးရှက်ရှက်နဲ့အပြင်ထွက်သွားသည် ၊ ဒီ့ထက်ဆက်နေရင်မက်သရူးရဲ့ရင်ခုန်သံတွေကပေါက်ထွက်သွားလိမ့်မည်။
နေ့လယ်မက်သရူးကရုံးခန်းထဲကထွက်သွားပြီးတည်းက ဟန်ဘင်းနဲ့နေ့လယ်စာတောင်အတူတူမစား ။ သူဘဲဒီနေ့မှအလုပ်စဝင်တာမို့လို့လိုက်မိတ်ဆက်ပေးဖို့ပြောပြီးတော့
သူကအရင်ဌာနတစ်ခုလုံးနှင့်သိနှင့်နေပြီ။ တစ်ကယ်ကိုဘဲဒီကောင်လေးကလူမှုရေးပိုင်းမှာတော့ကျွမ်းကျင်သည်။"မက်သရူး ပြန်တော့မှာမလားကိုယ်ပြန်ပို့ပေးမယ်"
"ရတယ်မန်နေဂျာကြီးရဲ့ ထယ်ရယ်နဲ့ကသိပ်မဝေးဘူးအတူတူဘက်စ်နဲ့..."
"ကိုယ်ပြန်ပို့ပေးမယ်လို့!
ပြောတယ်လေမက်သရူး"မက်သရူးစကားတောင်မဆုံးလိုက် ဟန်ဘင်းကမအော်ရုံတစ်မယ်ပုံမှန်ထက်မြင့်မားသည့်အသံနှင့်လေသံမာမာပြောလာတာမို့ မက်သရူးရောထယ်ရယ်ပါလန့်သွားရသည်။ မက်သရူးလဲမငြင်းရဲတော့တာနဲ့ထယ်ရယ်ကလဲသူ့အလိုလိုပြန်သွားတာကြောင့်ပါ မက်သရူးလဲဟန်ဘင်းလိုက်ပို့ပေးမှာကိုလက်ခံလိုက်ရသည်။
"ညနေဘဲရှိသေးတော့အိမ်ဘဲတန်းပြန်မှာလား"
"အင်း"
မက်သရူးကခုဏကဟန်ဘင်းအော်လိုက်တာကြောင့်စိတ်ခုပြီးဟန်ဘင်းမေးတာလောက်တာပြန်ဖြေသည်။
YOU ARE READING
YOURS
Fanfiction"ကိုယ်တော့ဆေးလိပ်တွေထက် မင်းကိုပိုသဘောကျနေမိပြီထင်တယ်ကောင်လေးရယ် " Bintthew Burmese Fan Fiction