4

257 41 8
                                    

မက်သရူးက အလုပ်မရှိဘူးလေ ၊ ကျောင်းပြီးထားတာတောင် ၁ နှစ်မပြည့်သေးပါ။ မိဘတွေနဲ့အမျိုးတွေကအကုန်က ကနေဒါမှာ ၊ ဂျီအွန်းဆိုသူနဲ့က ကိုရီးယားစရောက်တည်းက တွေ့ခဲ့တာ တွဲနေတာတော့ ၃ နှစ်ကျော်ပါပြီ ။
မက်သရူးကတော့ သူ့ကိုစိတ်ကုန်နေတာကြာပါပြီ သူလည်း မက်သရူး၄င်းပါဘဲ ဒါပေမယ့် သူ့ဘက်ကလုံးဝ လမ်းမခွဲပေးလို့မက်သရူးအကြပ်ရိုက်နေတာပါ ၊ အမှန်ဆိုရန်ဖြစ်တဲ့နေ့ထဲကလမ်းခွဲတာကိုသူလဲသဘောတူထားပြီးမှ အခုမက်သရူးကိုပြန်လိုက်နေတာ မပြတ်သေးဘူးဆိုပြီးအခွင့်အရေးရတုန်းလေးဆိုပြီး ကိုကို့ကို(ဟန်ဘင်း) ရည်းစားပါဆိုပြီး အသုံးချမိသလိုတော့ဖြစ်သွားတယ် ။

"ကိုကို အလုပ်မှာလေမက်သရူး"

"သိပါတယ် ကိုကိုက Shen Groupမှာလုပ်တာနော် မိုက်လိုက်တာ ကျွန်တော့်ရဲ့အိမ်မက်ကုပ္ပဏီကြီး"

"မက်သရူးက အစားအစာလုပ်ရတာဝါသနာပါတာလား"

"ဒါပေါ့ အစားအစာလုပ်ရတာလဲဝါသနာပါတယ် စားရတာလဲဝါသနာပါတယ်လေဟီး"

"ဟုတ်လား ဒါပေမယ့်ဝါသနာပါတိုင်းလဲလုပ်ချင်တိုင်းလုပ်လို့မှမရတာ"

"ဟွန့်! သိပါတယ်နော် ကိုကိုကကျွန်တော့်ကိုအထင်သေးလို့ ကျွန်တော်လဲ ကနေဒါမှာတည်းကပါရဂူရထားတာပါနော်"

"ကနေဒါမှာနေခဲ့တာလား"

"ဟုတ်တယ်လေ ကျွန်တော်က ကနေဒါသားလေလို့
ဟိုနေ့ကညစာစားထဲကပြောတယ်လေ! ကြည့် ကိုကိုက အလေးမထားတာ"

"ဆောရီး! ကိုယ်မှတ်မိပါတယ် မေ့သွားတာ"

"မှတ်မိတယ်ဆိုပြီး မေ့သွားတယ်တဲ့ကြည့်"

"ဟားဟား စတာပါ ကနေဒါမှပါရဂူရပြီးသားဆို ဒီမှာလဲ နေရာလွတ်တွေရှိနေတာ အစမ်းခန့်လုပ်ကြည့်မလား"

"ကိုကိုတကယ်ပြောတာလား"

"အင်း"

"အားး ချစ်လိုက်တာ ကျေးဇူးပါကိုကို အဲ့ဒါဆို Shen Groupမှာလုပ်ရတော့မှာပေါ့"

"အင်း"

ဟန်ဘင်းမက်သရူးနဲ့ဖုန်းစပြောရတုန်းကတော့ဘေးမှာစာရင်းစစ်ရင်းတန်းလန်းမို့သိပ်အာရုံမရောက်။ မက်သရူးစိတ်ဆိုးတာလေးကိုနားထောင်ပြီးတည်းက မျက်နှာပိုးသတ်မရတော့ဘဲ လက်ထဲကဘောပင်တောင်ဘေးချပြီး ပြုံးပြုံးကြီးဖုန်းပြောနေမိသည် မက်သရူးဆီက 'ချစ်လိုက်တာ' ဆိုတဲ့စကားကိုကြားတော့ပိုဆိုးရောပေါ့။ ၊ ဒါပေမယ့်စိတ်ထဲမှာတော့တမျိုးပင်တချိန်ကစကားတချို့ကိုလဲပြန်အမှတ်ရမိသည်။၊

YOURS Where stories live. Discover now