12

269 34 3
                                    

"အဲ့တာကဘာကိုပြောတာလဲ"

"ငါဆော့မက်သရူးကိုမပြတ်နိုင်တော့ဘူးလို့"

"ငါတရုတ်ပြန်ရင်မင်းသူ့ကိုဖြတ်မယ်လို့သဘောတူထားတယ်လေ"

"ရစ်ခီ"

"မဟုတ်မှ အဲ့တစ်ယောက်ကိုမင်းတစ်ကယ်ကြိုက်သွားတာလား"

"အဲ့ဒီ့လိုဖြစ်သွားတယ် ထင်တာဘဲ"

ဟန်ဘင်းက ကိုယ့်စကားတွေကိုယ်ပြန်တွေးမိသည်။
စိတ်ထက်နှုတ်ကအရင် ဆော့မက်သရူးနဲ့ပတ်သတ်ရင် စကားတွေထွက်သွားမိတာဘာလို့ပါလိမ့်။

ရစ်ခီ့မျက်နှာကခုနတုန်းကလို မာမနေတော့ဘူး။ ပျက်ယွင်းတာထက်ကိုပိုသွားသည်။ ရစ်ခီကဘာစကားမှဆက်မပြောဘဲ ကားမှန်ဘက်ကိုမျက်နှာလှည့်သွားသည်။

"အိမ်ပြန်မှာမလား လိုက်ခဲ့မလား အဲ့ကိုဘဲသွားမှာ"

"သူ့ဆီကိုလား"

"အင်း"

"တော်ပါပြီ ကောင်လေးကိုသွားတွေ့မှာဆိုလဲ
ကောင်းကောင်းသွား"

ရစ်ခီက ကားပေါ်ကဆင်းကာကားတံခါးကိုလဲဝွန်းခနဲ ဆောင့်ပိတ်သွားသည်။ ဟန်ဘင်းစိတ်ထဲဘာကိုအလိုမကျဖြစ်နေသေးလဲမသိပါ။ ဟန်ဘင်းစိတ်ထဲရှိတာကိုတော့ ရစ်ခီ့ကိုပြောလိုက်သင့်တယ်ထင်လို့ ကားပေါ်ကလိုက်ဆင်းကာ ရစ်ခီ့ကိုအော်ခေါ်မိသည်။

"ရစ်ခီ!"

လှည့်ကြည့်လာတဲ့ရစ်ခီ။ အရင်နဲ့မတူ ၊ ဟန်ဘင်းဘဝတစ်လျှောက် ရစ်ခီရှန့်မျက်နှာကအမြဲတင်းမာနေတတ်တာ။ အခုတော့ ဟန်ဘင်းကြောင့်နှင့် ညှိုးနေတာနှင့်တူပါသည်။

"ငါမက်သရူးကိုအတည်တွဲမှာ..အဲ့တာကြောင့်မင်း
တရုတ်မပြန်ချင်လဲရတယ် အရင်တုန်းက ငယ်ငယ်တုန်းကလို သူငယ်ချင်းအဖြစ်ဘဲရှေ့ဆက်ချင်တယ်မင်းနဲ့ငါ"

ဟန်ဘင်းအခုလိုပြောလိုက်ရမှစိတ်ရှင်းသွားသည်။
သူငယ်ချင်းတစ်ဖြစ်လဲအလုပ်ရှင်ဖြစ်နေတဲ့ရစ်ခီရှန်ကို
အဲ့ထက်ပိုပြီးတော့ဟန်ဘင်းစဉ်းစားလို့ကိုမရတာ။

ရစ်ခီကရင်ထဲစို့တက်လာပြီးတော့ တစ်ချက်ပြုံးလိုက်သည်။ ရစ်ခီရှန်ကသူများရှေ့အားငယ်ပြတတ်တဲ့သူမဟုတ်ဘူး ၊ မျက်ရည်ဘယ်တုန်းကမှကျတဲ့သူမဟုတ်ဘူး။ ငိုဖို့ဆိုတာဝေးသေးတယ်။ ဒါပေမယ့်ဆောင်းဟန်ဘင်းကဘာလို့မြန်းသူ့ကိုမမြင်ရတာလဲ။

YOURS Where stories live. Discover now