10

225 40 9
                                    

ဒီလူဒါကြောင့်ကိုး။ ဒီလူ့အကြိုက်ကလဲနော် အေးလေ
ဆောင်းဟန်ဘင်းကိုသူမပြောနဲ့ ကိုယ်တိုင်တောင်ကြွေနေတာဘဲမဟုတ်လား။

"လမ်းခွဲလိုက် ဆောင်းဟန်ဘင်းနဲ့"

"အဲ့တာကြောင့် ကိုကိုကလူလွတ်မဟုတ်ဘူးလို့
လိမ်ပြောခဲ့တာလား ကြောက်စရာဘဲ ဒုဥက္ကဌကြီးက"

"လိမ်မပြောခဲ့ပါဘူး သူ့မှာဆိုင်သူသပ်သပ်ရှိတယ်
သွားလိုက်ပါအုန်းမယ်"

မက်သရူးသူ့ကိုဘာမှမပြောတော့ဘူး။ သူကကိုကို့ကိုကြိုက်နေလို့ သွေးထိုးပေးနေတာလေ။ ကိုကိုကအားလုံးရှင်းပြပြီးသားဘဲလေ။ ကိုကို့ကိုဘဲမက်သရူးယုံတယ်။

ကိုကိုနဲ့တွဲပြီးတည်းက ကင်မ်ဂျီအွန်းကိုမက်သရူး
အပြတ်ဖြတ်ထားသည်။ ထူးထူးဆန်းသူကလဲပေါ်မလာဘူး၊ မက်သရူးထင်တာသူလိုက်ကပ်နေအုန်းမှာဘဲလို့ ထူးဆန်းစွာဘဲအဲ့တာပြီးတည်းကမက်သရူးရှေ့ကို
သူလုံးဝရောက်မလာခဲ့။

ကိုယ့်အထက်လူကြီးဖြစ်တဲ့ ကိုကို၊ အကဲပိုတဲ့ကိုကိုနဲ့
အတူတူရှိနေရရင်မက်သရူး မပြောပြတတ်တဲ့ခံစားချက်ကိုရတယ်။ အစက ဂျီအွန်းကိုရွဲ့ချင်တာနဲ့ဘဲတွဲဖို့သဘောတူခဲ့တာဆိုမှန်မယ်။ အခုဘယ်လိုလုပ်မလဲ မက်သရူးတစ်ဖြေးဖြေးနဲ့ဆောင်းဟန်ဘင်းကို ရင်ခုန်နေပြီရယ်။

__________________________________

"ဒီနေ့ပရိုဂရမ်ရိုက်မှာနော်ထယ်ရယ် စိတ်လှုပ်ရှားနေလား"

ထယ်ရယ်ကိုယ်တိုင်လုပ်ထားတဲ့ တော့ပိုကီအထုပ်ကို
ကြော်ငြာပရိုဂရမ်လေးရိုက်တာ မင်းသားကလဲ ထယ်ရယ်ပင်နှင့် တွဲဖက်မင်းသားတက်သစ်စတစ်ယောက်တော့ခေါ်ထားသည်။ တွဲဖက်မင်းသားကိုလဲ မက်သရူးဘဲရှာပေးပြီး ခေါ်ချိတ်ထားရတာလေ။
ကုပ္ပဏီရဲ့ kitchen မှာဘဲရိုက်ကွင်းကတည်ထားတာ။

"အင်း"

"စိတ်မလှုပ်ရှားနဲ့ you can do it
သွားတော့"

ထယ်ရယ်တစ်ယောက်အရမ်းစိတ်လှုပ်ရှားနေပုံဘဲ။
မက်သရူးက အနောက်မှာပြင်ဆင်နေတဲ့ထယ်ရယ့်ကို အားပေးလိုက်ရတယ်။

မက်သရူးလဲ ရီဟာဇယ်လေ့ကျင့်နေတဲ့ထယ်ရယ့်ကို
ကင်မရာတွေနောက်ကနေကြည့်နေလိုက်တယ်။

YOURS Where stories live. Discover now