Daddyညီလေး ကျွန်​တော့်ယောက်ျား(တစ်ဦးထည်းသောတူလေးကို ချစ်မိသောအခါ)

549 4 0
                                    

                                                Ep 1

နေသာနေတဲ့ကားလမ်းတလျှောက် ဘေးကလူသွားလူလာတွေကို ဂရုစိုက်မနေတော့ပဲ နားကြပ်ကိုတပ်ကာ သီချင်းကိုအာရုံစိုက်နားထောင်ရင်း တစ်ဖက်ကိုလမ်းဖြတ်ကူးမည်အလုပ် အရှိန်ဖြင့်မောင်းချလာသော ကားတစ္စီး ကိုရုတ်တရက်မြင်လိုက်ရမှ လန့်ဖျပ်ကာ ကြောင် အ'အ ဖြစ်ရ၍ ဤနေရာတွင်မှုလှုပ်၍မရ၊ မျက်လုံးကိုစုန်မှိတ်ကာ ဖင်ထိုင်လဲသွားမှလက်နှစ်ဖက်ကို မ်က္နာ၌အပ္ကာ ထိုင်နေမိတော့သည်။

ကျီ!!!!

"အား....

အရှိန်ဖြင့်မောင်းလာသောကားက လူကိုတိုက်မဲ့ဆဲဆဲ သီသီလေးမှာ အမီ ဘရိတ်အုပ်ကာရပ်လိုက်ခြင်းကြောင့် ဘာမှမဖြစ်ခဲ့သော်ငြား "ငါတော့သေပြီပဲ" ဟူသောအတွေးကြောင့် လန့်ဖျပ်အော်မိခြင်းသာ..။

ကားပိုင်ရှင်မှာ အပြေးအလွှားဆင်းလာကာ သူ့ကားနဲ့တိုက်မိသွားသလား ဆိုတာသေချာသိရအောင် ဒဏ်ရာတို့ကို စစ်ဆေးနေသည်။

"အဆင်ပြေရဲ့လား၊ ဘယ်နားထိသွားသေးလဲ၊ ဆေးရုံသွားရအောင်..

စိုးရိမ်တကြီးဖြင့် မေးခွန်းများစွာကိုမရပ်မနားမေးနေသော ထိုကားပိုင်ရှင်ကို အမှိတ်မသုန် ငေးကြည့်နေမိသေးသည်။ စိတ်ထဲမှာ တစ်ခုခုထူးဆန်းသလိုခံစားရခြင်းကြောင့်ဖြစ်သည်။

"ဟေး.. ရရဲ့လား? တစ်ခုခုပြောပါအုံး

ထိုခါမွ မျက်လုံးကိုတဖျတ်ဖျတ်မှိတ်ရင်း လက်နှစ်ဖက်ကိုပွတ်လိုက်ကာ

"ကျွန်.. ကျွန်တော် ဘာမှမဖြစ်ပါဘူး

"သေချာရဲ့လား? လာ ကိုယ်ထူပေးမယ်

ပြောကာ ချိုင်းကနေကိုင်ပြီးထူပေးနေပြန်တယ်၊ လူကလည်း အရမ်းလန့်ပြီးရှော့ရသွားတာဆိုတော့ ဘာမှအထွန့်တက်မနေတော့ပဲ ကတုန်ကယင် ဖြစ်နေတဲ့ခန္ဓာကိုယ်ကို အားအနည်းငယ်သုံးရင်း သူဆွဲထူရာအလိုက်သင့်လေးလိုက်ပါ ထ လိုက်တယ်၊ သူကားအနောက်တံခါးကိုဆွဲဖွင့်လိုက်ပြီး ထိုင်ခိုင်းတော့ တိတ်တဆိတ်လေးပဲထိုင်နေမိပြန်တယ်။

"ထိခိုက်မိတာ မရှိတာသေချာရဲ့လား? မင်း ကိုကြည့်ရတာ အဆင်မပြေသလိုပဲ

Daddyညီလေး ကျွန်တော့်ယောကျ်ား(တစ်ဦးထည်းသောတူလေးကို ချစ်မိသောအခါ)Where stories live. Discover now