☹EP 9☹
Offတစ်ယောက် ဒီနေ့အလုပ်များနေသည်။ ကုမ္ပဏီကို၁နှစ်လောက်ပြစ်ထားခဲ့တာဆိုတော့ အခုရောက်လာပြီဆိုတော့ အလုပ်တွေအတိုးချလုပ်ရတော့မည်။ ကုမ္ပဏီကြီးကို ယုံကြည်စိတ်ချရတဲ့သူဆီအပ်ခဲ့တာမို့ အခုထိကုမ္ပဏီကအရင်တိုင်းလည်ပတ်နိုင်နေတာပါ မဟုတ်ရင်တော့ မတွေးရဲစရာပင်၊ ဂျပန်ကိုရောက်ရောက်ချင်း အိမ်သန့်ရှင်းရေးလုပ်ရသည် အိမ်က၁နှစ်တောင်လူမနေထားဘူးဆိုတော့ ဖုန်တွေတက်ပြီး ရှုပ်ပွနေသည်မလား ထို့နောက် အပ်ထားခဲ့တဲ့သူဆီအကျောင်းကြားပြီး အားလုံးကိုအသိပေးရန်စီစဉ်ရပြန်သည်။ ကုမ္ပဏီကိုသွားတဲ့ပထမရက်မှာလည်း လုပ်ငန်းအခြေနေကိုသိရဖို့ စာချုပ်နဲ့စာရင်းတွေပြန်စစ်ရပြန်သည်။ ဒီအလုပ်တွေက လုပ်နေကြဆိုပေမဲ့ offတစ်ယောက်အရမ်းပင်ပန်းနေပြီ၊ အိမ်ပြန်ရောက်ရင် အပြုံးချိုချိုလေးတွေနဲ့ကြိုမဲ့ သူလေးရှိနေလို့သာပေါ့
ခြံထဲကိုကားဝင်ဝင်ချင်း အိမ်ထဲကပြေးထွက်လာတဲ့ ကောင်ငယ်လေး
"ဦးလေး ပြန်လာပြီလား
"အာ အင်း! ပြန်လာပြီ
Offလက်ထဲက အိတ္ကိုဆြဲယူကာ အိမ်ထဲပန်ဝင်သွားသော ကောင်လေးကို အသဲယားမိပြန်သည်လေ
"ဦးလေး အိမ်ထဲမဝင်ပဲ ဘာရပ်လုပ်နေတာလဲ? လာလေဗျာ ညစာစားမယ် လာ
Gun ကားကိုမှီပြီး မတ်တပ်ကြီးရပ်နေတဲ့ဦးလေးကို စိတ်မရှည်စွာ ဆွဲခေါ်လာခဲ့တော့သည်။ အဆင်သင့်ပြင်ထားပြီးသားထမင်းဝိုင်းမှာ ထိုင်စေပြီး နေ့လည်စာစားရန်အချက်ပြသလို ခရင်းကိုထောင်ပြလိုက်သည်။
gunကစားခိုင်းနေပေမဲ့ offပန်းကန်ထဲကထမင်းကိုသာ မမှိတ်မသုန် ငုံ့ကြည့်နေမိသည်။ ဘာလဲ ဘာဖြစ်နေတာလဲoffjumpol ကလေးစိတ်ချမ်းသာအောင် စားလိုက်စမ်းပါ!
လက်တွေ့မှာ အတွေးရဲ့ဆန့်ကျင်ဘက်မှာ ရပ်တည်နေသူက ကိုယ်တိုင်ပဲဖြစ်နေခဲ့တယ်၊ ထမင်းဝိုင်းကထသွားရန် ထလိုက်ပေမဲ့ သေးငယ်တဲ့လက်တစ်စုံက အမိအရလှမ်းဆွဲထားပြန်သည်။
"ဦးလေး ဘာဖြစ်လို့လဲ.. ကျွန်တော်ချက်ထားတာမကောင်းဘူးထင်လို့လား? ဒါတွေမစားချင်ရင် ပါဆယ်မှာပေးမယ်လေ၊ ကျွန်တော်ချက်ထားတာကိုစားရင်တော့ ပိုကောင်းတာပေါ့ ဦးလေးကိုစားစေချင်လို့ ကိုယ်တိုင်ချက်ထားတာ
YOU ARE READING
Daddyညီလေး ကျွန်တော့်ယောကျ်ား(တစ်ဦးထည်းသောတူလေးကို ချစ်မိသောအခါ)
Fanfictionzawgyi+unicode "ကျွန်တော် ဦးလေးကို ခ်စ္မိတာ အပစ်လား "ဦး.... မင်းကို မချစ်ဘူးထင်တာပဲ ဒီအတိုင်း.... ....... "ကျွန်တော် ဦးလေးကို ချစ်မိတာ အပစ်လား "ဦး.... မင်းကို မချစ်ဘူးထင်တာပဲ ဒီအတိုင်း.... Offgunfanfic💚