Daddyညီလေး ကျွန်တော့်ယောက်ျား(တစ်ဦးထည်းသောတူလေးကို ချစ်မိသောအခါ)

154 2 0
                                    

                                          💔EP 8💔

ဂျပန်မရောက်ခင် လွန်ခဲ့သောတစ်လက အကြောင်းအရာ

Gunအိပ်ရာကနိုးတော့ တစ်ကိုယ်လုံးနာကျင်နေသည်။ ဗိုက်ကလည်း အရမ်းကိုဆာပြီး သံစုံတီးဝိုင်းဖွင့်နေလေရဲ့၊ အိပ်ယာထဲကကုန်းရုန်းထပြီး ရေချိုးခန်းထဲဝင်ခဲ့တော့သည်။ အင်းကျီကိုဆွဲချွတ်လိုက်တော့ ထင်းကနဲပေါ်လာသည့် အနီကွက်များ.. ရင်ဘတ်နဲ့လည်တိုင်တွေမှာ အပြည့်ပဲ

"ဟင်... သေစမ်း!! ဒါ ဒါဘာတွေလဲ

ခေါင်းကိုလက်နဲ့နှိပ်ရင်း သေချာစဉ်းစားကြည့်လိုက်တော့ တစ္ခုခုကို သတိရသြားကာ ကျောနှင့်နံရံ ပြေးကပ်သွားမိသည်။

"ဟာ.. သွားပြီ၊ ငါ ငါ ဦးလေးကို... အားလုံးမှားပြီ

ဒူးတွေအလိုလို ပျော့ခွေသွားပြီး မျက်နာကိုလက်ဖြင့်အုပ်ကာထားမိသည်။ ဒါပေမဲ့ မသိစိတ္က ပျော်နေမိတာလား အဲ့အကြောင်းစဉ်းစားမိရင် ရင်တွေခုန်နေပြန်တယ် ဒါဆို ဦးလေးကိုများ ခံစားချက်ရှိနေတာလား.. ဒါပေမဲ့ "ဦးလေး" ဆိုတဲ့နာမ္စားလေး တစ်ခုကြောင့် gunနဲ့ဦးလေး ရှေ့ဆက်လို့ မရနိုင်ဘူး။ ဒါပေမဲ့ ဦးလေးနဲ့မျက်နာချင်းဆိုင် ရှင်းချင်သေးတယ်

စိတ်ကိုထိန်းထားရင်း နံရံကိုလက်ထောက်ရင်း ထလိုက်သည် ထို့နောက် ရေချိုးပြီး အောက်ထပ်ဆင်းလာခဲ့သည်။ ဦးလေးကတော့ ထုံးစံအတိုင်းပဲ ကုမ္ပဏီရောက်နေပြီထင်ပါရဲ့.. ဟိုဒီကိုလိုက်ကြည့်လိုက်တော့

ဟူး... တော်ပါသေးရဲ့ dad နဲ့ momအိမ်မှာမရှိလို့

ကုမ္ပဏီကိုသာ ကားမောင်းပြီး ထွက်ခဲ့တော့သည်။ အလုပ်လုပ်မလို့တော့ မဟုတ္ဘူး။ ဦးလေးနဲ့ ရှင်းစရာကိစ္စ တစ်ခုရှိနေလို့ပဲ

Ceoရုံးခန်းထဲကိုသာ တန်းဝင်သွားလိုက်တော့သည်။ ဦးလေးကတော့ စာရင်းတွေစစ်နေတယ် ထင်ပါရဲ့ gunဦးလေးကို သေချာစိုက်ကြည့်နေတာတောင် gunကို ခေါင်းမော့မကြည့်ခဲ့၊

"ဦးလေး.. ကျွန်တော် ပြောစရာရှိတယ်

"ဟမ်? ပြောလေ gun

Off စာရင်းစစ်နေရင်းနဲ့ ပြန်ပြောလိုက်သည်။

ဘာမှမဖြစ်ခဲ့သလို နေနိုင်တာလား ဦးလေးရယ်၊ ကျွန်တော့်ဘက်က စခဲ့တယ်ဆိုရင်တောင်မှပေါ့

Daddyညီလေး ကျွန်တော့်ယောကျ်ား(တစ်ဦးထည်းသောတူလေးကို ချစ်မိသောအခါ)Where stories live. Discover now