Daddyညီလေး ကျွန်တော့်ယောက်ျား(တစ်ဦးထည်းသောတူလေးကို ချစ်မိသောအခါ)

144 2 0
                                    

                                                EP 5

Gunစိတ်ညစ်ညစ်နဲ့ နာမည်ကြီးbarတစ္ခုကိုပဲ လာခဲ့လိုက်တယ်၊ အမှောင်ရိပ်ကျနေတဲ့ ဝိုင်းတစ်ခုမှာ ထိုင်ပြီး အရက်၅ပုလင်းလောက်မှားထားလိုက်တယ်၊ ပြီးမှ P'torကို ဖုန်းဆက်ခေါ်လိုက်တော့ သူချက်ချင်းရောက်လာခဲ့ပါတယ်၊ သူသည်လည်း gunကိုအဖော်ပြုပေးရင်း gunနဲ့အတူအရက်တွေ သောက်ရင်း gunရင်ဖွင့်တာကို နားထောင်ပေးနေခဲ့သည်။

"ဖြစ်သင့်ရဲ့လား အကို၊ ကျွန်တော် နောက်ကျတာ ကျွန်တော့်အမှား ကျွန်တော်သိတယ်၊ လက်လည်းလက်ခံတယ်၊ ဒါပေမဲ့ ကျွန်တော့်ကို ဒီလိုနှိမ်တာကြီးတော့ လက်မခံနိုင်ဘူး။ လွန်လွန်းတယ်လို့ရော မထင်ဘူးလား အကိုရဲ့!!!!!!

Gunလည်း စိတ်တိုတိုနဲ့ ရင်ဖွင့်နေတာတောင်မှ အသံမြှင့်ပြီးပြောနေမိသည်။ မသိရင် ဘေးကP'torက ရန်တွေ့ခံနေရတဲ့အလား

"ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ဖြည်းဖြည်းပြောပါ ညီရ၊ ကိုယ် မင်းဦးလေးမဟုတ်ဘူးနော်

"အဟက်!! သိပါတယ် အကိုက အဲ့ဦးလေးဆိုတဲ့လူကြီးနဲ့ တျခားစီပဲ၊ ချီး

Gun ဦးလေးကို မကျေနပ်တာနဲ့ ရွဲ့သလိုလိုလေးပြောလိုက်တော့ P'torအသံတိတ်ရယ်နေသည်။

"အကိုက ဘာရယ္တာလဲ

"ဟား.. မဟုတ်ပါဘူး။ ညီ မင်းကလေ တကယ်ကလေးလေးကျနေတာပဲ သိလား? မကျေနပ်ရင်လည်း သူနဲ့ဒဲ့ရှင်းလိုက်လေ ဘာလို ခံစားနေမှာလဲ

"အဲ့လိုလုပ်လိုက်ရင်လည်း daddyက ကျွန်တော့်ကိုပဲ အပြစ်တင်ပြီး ဆူပူအုံးမယ်၊ အား.... စိတ်ရှုပ်တယ် အဲ့ကြောင်းတွေ မစဉ်းစားချင်တော့ဘူး မူးအောင်ပဲသောက်လိုက်တော့မယ်၊ မူးပြီးရင် အိပ်မယ် ဒါဘဲ ကောင်းတယ်။ အကိုလည်း ဆက်သောက်လေ

"အင်း။ သောက်မှာပေါ့ ညီ

၁ခွက် ၂ခွက် ၃ခွက်............. ၈ခွက် ၉ခွက် ၁၀ခွက်

Gun စိတ်ပေါက်ပေါက်နဲ့ တစ်ခွက်ပြီးတစ်ခွက် မနားတမ်း မော့မော့သောက်ပစ်လိုက်တာ ၁၀ခွက် တိတိရှိသွားပြီ၊ လူလည်း မျက်လုံးတောင်မဖွင့်ချင်တော့ဘူး။ မျက်ခွံတွေလေးပြီး အရမ်းအိပ်ချင်နေပြီ.. ပြူးပြဲပီး မျက်လုံးဖွင့်ကြည့်တော့ အကိုက အရက်ဆက်သောက်နေတုန်းပဲ... gunတောင် အိပ်ချင်နေပြီ အကိုက ဘာလို့ ဆက်သောက်နေနိုင်ရတာလဲ

Daddyညီလေး ကျွန်တော့်ယောကျ်ား(တစ်ဦးထည်းသောတူလေးကို ချစ်မိသောအခါ)Where stories live. Discover now