Daddyညီလေး ကျွန်တော့်ယောက်ျား(တစ်ဦးထည်းသောတူလေးကို ချစ်မိသောအခါ)

148 2 0
                                    

                                               EP 7

"ကဲ ရှင်းပါအုံး Off jumpol!!

ဒိုင်း!!!!

ဝင်ဝင်ခြင်းဆောက်နဲ့ထွင်း ဆိုသလိုများဖြစ်နေသလား ထင်ရလောက်အောင်ပါပဲ။ အိမ်ပြန်ရောက်ရုံရှိသေး အိမ်ထဲတောင်ခြေနှစ်ဖက်လုံးမဝင်ရသေးဘူး အကိုက ကြိုသိနေပြီတဲ့လား? နားထင်ကို သေနတ်နဲ့ပစ်လိုက်သလိုခံစားလိုက်ရသည်။

"ဘာ ဘာကိုရှင်းရမှာလဲ အကိုရဲ့

ဒီအချိန်မှာစကားတွေတောင် တော်တော်လေးထစ်ထစ်ငေါ့ငေါ့ဖြစ်နေတာအမှန်ပါ၊ gunကေတာ့ အခုထိအမူးမပြေသေးဘူးထင်သည်။ တစ်ကိုယ်လုံးလူကိုသာမှီထားတော့သည်။ gunခန္ဓာကိုယ်က တအားကြီးမလေးပေမဲ့ အားကုန်ပျော့ခွေပြီး တစ်ကိုယ်လုံး offပခုံးမှာပုံအပ်ထားတာဆိုတော့ offတစ်ယောက် gunကိုထိန်းဖို့လို အကိုကို ကြောက်ဖို့လိုဖြစ်နေတော့သည်။

"ဒီနေ့ဖြစ်တဲ့ကိစ္စ ငါ မသိဘူးလို့ထင်နေတာလား?

မြတ်စွာဘုရား ကယ်တော်မူပါ

ဒီတစ်ခါ သေနတ်နဲ့ပစ်ရုံတင် မဟုတ်တော့ဘူး ဗုန်း၁၀ဗုန်းလောက် ထ ပေါက်သလိုခံစားနေရသည်။ စိုးရိမ်စိတ်ကြောင့်လားမသိ နှလုံးခုန်မြန်နေပြီး ရင်ဘတ်တစ်ခုလုံး ပူလောင်နေမိသည်။

မကြားချင်ယောင်ဆောင်ပြီး ရုပ်တည်နဲ့gunကိုတွဲရင်း အိမ်ပေါ်ထပ်လှေကားဆီ ဦးတည်လျှောက်သွားလိုက်တော့ အကိုက နောက်ကနေလိုက်လာပြီး offပခုံးကိုဆွဲကိုင်ထားသည်။ offသက်ပြင်းချလိုက်ပြီးနောက် gunရဲ့အဖေoffရဲ့အကိုဘက် မျက်နာမူလိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ်အကို၊ ကုမ္ပဏီကို တစ်နေ့လုံးပြစ်ထားခဲ့မိတဲ့အတွက်ရော ပြီးတော့ gunကို.. တူလေးကို...  အင့်

Off ပြောမဲ့စကားတို့က ဆက်ပြော၍မရပဲ ဤနေရာတွင်စို့နစ်နေပြီး မျက်ရည်များပါ ကျလာမိသည်။ ရှက်ဖို့ကောင်းတယ် အရမ်းရှက်ဖို့ကောင်းတယ်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းနေရက်သားနဲ့ မလုပ်သင့်တာကို လုပ်ခဲ့မိတယ်.. ဒီလောကကြီးမှာ ရှိမနေသင့်တဲ့သူက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေမလား?

Daddyညီလေး ကျွန်တော့်ယောကျ်ား(တစ်ဦးထည်းသောတူလေးကို ချစ်မိသောအခါ)Where stories live. Discover now