Daddyညီလေး ကျွန်တော့်ယောက်ျား(တစ်ဦးထည်းသောတူလေးကို ချစ်မိသောအခါ)

144 3 0
                                    

                                               EP 4

မနက်ခင်းရဲ့နေရောင်ခြည်က မှန်ပြတင်းပေါက်မှတဆင့် ကျွန်တော့်မျက်နာကို ထိတွေ့နေတဲ့ခံစားချက်က အရမ်းကိုပြည့်စုံလွန်းသည်။ ကျွန်တော် မျက်လုံးများကို အနည်းငယ်ပွတ်သပ်ပြီး "ထ"ထိုင်လိုက်ပြီး ခြုံထားတဲ့စောင်ကို ဖယ်လိုက်တော့ အင်းကျီက မနေ့တုန်းက အင်းကျီ၊ အား... ဟုတ္သားပဲ ကျွန်တော် ညတုန်းက ပါတီမှာသူငယ်ချင်းတွေနဲ့ အရက်တွေသောက်ခဲ့တာပဲ ဒါကြောင့် အင်းကျီမလဲပဲ အိပ်ပျော်သွားတာပဲဖစ်မှာပါ

"အား.. ခေါင်းမူးလိုက်တာ

ညတုန်းက အရက်သောက်တာများသွားလို့ထင်တယ် ခုတင်ပေါ်က ဆင်းမယ်လုပ်တော့ ခေါင်းကမူးပြီး ကယိမ်းကယိုင်ဖြစ်သွားရသည်။ ဒါပေမဲ့ အားတင်းပြီး ရေချိုးခန်းထဲရောက်အောင်သွားဖို့ဆုံးဖြတ်လိုက်တယ်၊ ရေချိုးလိုက်ရင် နည်းနည်းများလန်းသွားမလားလို့လေ

ထို့နောက် ရေမိုးချိုးပြီး ရုံးသွားရန်ပြင်ဆင်ပြီး ဆင်းလာခဲ့တယ် ရုံးကို ဦးလေးနဲ့အတူလိုက်ရမည်လေ

"Morning Dad၊ morning mom

အောက်ဆင်းဆင်းချင်း တွေ့တဲ့ daddyနဲ့mommyကို နှုတ်ဆက်လိုက်တယ် ဦးလေးကိုတော့မတွေ့ဘူး။ ကျွန်တော့်ကိုမစောင့်နိုင်လို့ အရင်သွားပြီထင်တယ်

"ဦးလေးက ကုမ္ပဏီကိုသွားပြီလား

"သွားပြီ။ သား နိုးရင်ကုမ္ပဏီကို မြန်မြန်လာခဲ့ပါ နောက်မကျစေနဲ့လို့မှာသွားတယ်

သူ သွားပြီဆိုလည်းကောင်းတာပဲ ကိုယ့်ဟာကိုယ် ကားအသစ်လေးလွပ်လွပ်လပ်လပ် စီးလို့ရတာပေါ့

"ဟုတ်ကဲ့dad။ သားသွားတော့မယ်

"နံနက္စာ...

"မစားတော့ဘူး dadရေ၊ နေ့လည်မှပေါင်းစားလိုက်တော့မယ် ဟဲဟဲ

ပြောပြီး ထွက်လာခဲ့တော့သည်။ ကားက brand new မို့လို့လားတော့မသိဘူး စီးရတာအရမ်းဇိမ်ရှိတာပဲ၊ ကျွန်တော် သီချင်းလေးနားထောင်ရင်း ဖြည်းဖြည်းပဲမောင်းလာလိုက်တယ်.. ကျွန်တော်မောင်းလာတဲ့အရှိန်ဘယ်လောက်နှေးလဲတော့မသိဘူး ကုမ္ပဏီရောက်ဖို့ တော်တော်လေးအချိန်ယူလိုက်ရသည်။

Daddyညီလေး ကျွန်တော့်ယောကျ်ား(တစ်ဦးထည်းသောတူလေးကို ချစ်မိသောအခါ)Where stories live. Discover now