Daddyညီလေး ကျွန်တော့်ယောက်ျား(တစ်ဦးထည်းသောတူလေးကို ချစ်မိသောအခါ)

181 4 0
                                    

                                               EP 2

နံနက်၆နာရီလောက်ကထည်းက မြည်နေတဲ့နှိုးစက်သံက နားထဲဆူညံ့စွာဝင်ရောက်လာသည်။ ွှိုးစက်သံကြောင့် မျက်လုံးကိုပွတ်သပ်ရင်း "ထ"ပိတ်လိုက်သည်၊ ဒီနေ့လည်း သင်တန်းသွားရအုံးမည်ပဲ၊ ခုတင်ပေါ်ကဆင်းကာ ရေချိုးခန်းထဲပြေးဝင်မိသည်၊ ရေချိုးဖို့တော့မဟုတ်ဘူး၊ အပေါ့သွားချင်လာလို့ပါ။ ရေချိုးခန်းနဲ့အိမ်သာက တွဲရပ်မလို့ အိမ်သာသွားချင်ရင် ရေချိုးခန်းထဲအရင်ဝင်ပြီးမှ တစ်ဖက်အိမ်သာခန်းကိုကူးပြောင်းရပါတယ်။

အပေါ့သွားပြီးတာနဲ့ သွားတိုက်မျက်နာသစ် အင်းကျီပါတခါထည်းလဲပြီး အောက်ဆင်းလာခဲ့တော့သည်။

*သေစမ်း!

အခုမှပေါ်လာတဲ့ကျွန်တော့် ဦးလေးက Daddy"Mommyတို့နဲ့အတူ နံနက္စာအတူ ထိုင်စားနေတယ်၊ သူက ကျွန်တော့်ဦးလေးဆိုပေမဲ့ သူစိမ်းသက်သက်ကြီးလိုပဲလေ မနေ့ကမှတွေ့ရတာဆိုတော့..၊ သူ ထိုင်တဲ့နေရာက ကျွန်တော်နဲ့ မျက်နာချင်းဆိုင်ခုံမှာ.. "အား...သေလိုက်ပါတော့၊ အခုလို နံနက်စာကိုအတူတူထိုင်စားဖို့က တစ်မျိုးကြီးဖြစ်မနေဘူးလားဗျာ

ကျွန်တော် စားပွဲအနားလျှောက်သွားပြီး ကျွန်တော်ထိုင်နေကျခုံမှာပဲ ဝင်ထိုင်လိုက်တယ်

"သား..

"ဗ်ာ

Mommyခေါ်တော့ ကျွန်တော် ချိုချိုသာသာလေးပဲ ပြန်ထူးလိုက်တယ်၊ မာမီက အဲ့လိုလေးထူးရင် အရမ်းသဘောကျတာကို ကျွန်တော်သိတာပေါ့

"သားကို ပြောစရာရှိလို့လား ဟင်

"အင်း၊ သား သင်တန်းသွားစရာမလိုတော့ဘူး

ဒါက ဘာစကားကြီးလဲဗျ၊ ကျွန်တော် သင်တန်းတက်တာ ၃လရှိပြီ ဒီလိုမျိုး တစ်ခါမှပိတ်ပင်မခံရဖူးဘူး၊ ဒီနေ့ ထူးဆန်းနေတယ်လို့ မထင်ဘူးလား? နံနက်စာစားရင် စကားတစ်လုံးလေးတောင်မထွက်တတ်တဲ့ mommyက ကျွန်တော်သင်တန်းမသွားဖို့ ပိတ်ပင်တဲ့ စကားလုံးတွေပြောနေတယ်၊ ခါတိုင်း ပြောစရာရှိတာ ဆူစရာရှိတာကို နံနက်စာစားရင်း ပြောဆို ဆုံးမ တတ်တဲ့daddyကေရာ ဘာလို့ စကားတစ်လုံးမှမပြောရတာလဲ? ဦး....လေး ကေရာ

Daddyညီလေး ကျွန်တော့်ယောကျ်ား(တစ်ဦးထည်းသောတူလေးကို ချစ်မိသောအခါ)Where stories live. Discover now