Part 1(Zawgyi)

35 2 0
                                    

"ကြာနီထွေး..!!"

မနက်ခင်းမိုးမလင်းသေး ကြားလိုက်ရသည့်ထိုအသံကား ဒေါသနှင့်မာန်အပြည့်ပင်။ ထမိန်ကိုအတိုဝတ်ကာ ခါးကြီးထောက်ပြီးရပ်နေသော ထိုမိန်းမကြီးသည် ဒေါ်မိုးခင်ဖြစ်သည်။ မျက်နှာထက်တွင်လည်း
ဒေါသအရှိန်ကြောင့် နီမြန်းလျက်ရှိတော့သည်။

ထိုအချိန် ထိုမိန်းမကြီး၏နောက်ကျောဘက် အခန်းတစ်ခုမှထွက်လာသော မိန်းမပျိုလေးတစ်ဦး။

အနည်းငယ်ရူပ်ပွနေသောဆံပင်နှင့် ထိုမိန်းကလေးမှာလည်း အသံကြား၍နိုးလာဟန်တူသည်။ ခါးလောက်ရှိသည့်ဆံနွယ်ရှည်လေးများကို ကျစ်ဆံမြီးကျစ်ကာနှစ်ဖက်ခွဲချထားသည်။ သူ(မ)၏ခန္ဓာကိုယ်အချိုးအစားနှင့်မျက်နှာပေါက်သည် အတော်အသင့်လှသည့်အထဲပါသည်။ အပြာရောင်ချည်သားအင်္ကျီရင်ဖုံးလေးနှင့် ချည်သားထမိန်လေးကိုဝတ်ဆင်ထားသည်သူ(မ)ဟာယဉ်ယဉ်လေးနှင့်လှသူဖြစ်သည်။

သူမဟာ ကြွကြွရွရွလေးလျှောက်လာကာ သူ(မ)မိခင် ဒေါ်မိုးခင်၏လက်မောင်းအားတွဲချိတ်ကာ ​ငြူတူတူကလေးပြောလေသည်။

"အမေ ဘာဖြစ်လို့ဆူညံနေတာလဲ သမီးတောင်အိပ်နေရင်းလန့်နိုးသွားတယ်"

နှုတ်ခမ်းလေးအနည်းငယ်ဆူကာ သူ(မ)အမေအားချွဲ့နွဲ့နေသည့်သူမဟာ အမှန်ပင်အိပ်ရေးပျက်သွားသည့်ဟန်။

ဒေါ်မိုးခင်ကလည်း သမီးဖြစ်သူရဲ့စကားကြောင့် စိုးရိမ်ပူပန်သည့်မျက်နှာဖြင့် လှည့်ကြည့်ကာစကားဆိုလေသည်။

"သမီးလေး အိပ်ရေးပျက်သွားတယ်ဟုတ်လား၊ သမီးလည်းသိတာပဲ ဟိုကောင်ကြာနီထွေးက မနက်စာလုပ်မသွားပေးခဲ့ဘူးသမီးရဲ့၊ အဲ့တာကြောင့်အမေကသူ့ကိုဒေါသထွက်ပြီးအော်လိုက်မိတာ"

"တောက်...ငါ့သမီးလေးအိပ်ရေးပျက်ရတာ ဒင်းကြောင့်၊ မနက်စာမချက်ပဲပန်းရောင်းသွားတဲ့အကောင် ပြန်လာရင်တွေ့မယ်"

ဒေါ်မိုးခင်၏ သမီးမြကြာဖြူကတော့ မိခင်၏စကားနားထောင်ကာ တင်းမာလာပြန်သည်။ အမေရော၊သမီးပါ ထိုကောင်လေးအားမကြည်ဖြူနိုင်ဖြစ်နေပုံအရ ထိုကောင်လေးသည်မည်သည့်အမှားများ အတိတ်ကပြုလုပ်ခဲ့ပါသနည်း။

My Own Inn Thar Lay [ကိုယ်ပိုင်သော အင်းသားလေး] 💌ONGOING💌Where stories live. Discover now