Part.4 (Unicode)

19 2 0
                                    

"အဟမ့်...အဟမ်း..."

ဆူညံလျက်ရှိသော လူအုပ်ကြီးမှာသူကြီး၏ချောင်းဟမ့်သံကြောင့်ငြိမ်ကျသွားခဲ့သည်။

ရွာသူ၊ရွာသားများ၏ အသံများတိတ်ဆိတ်သွားသည်နှင့် သူကြီး၏သြဇာညောင်းလှသည့်အသံဟာ ထွက်ပေါ်လာတော့သည်။

"ရွာသူ၊ရွာသားများကိုခေါ်လိုက်ရတဲ့အကြောင်းအရင်းလေးကတော့ ဒီနေ့ပြိုင်ပွဲဝင်ဖို့စာရင်းပေးရမဲ့နေ့ဖြစ်တာကြောင့်ရယ်၊ ပြိုင်ပွဲဝင်ကြတဲ့ကလေးများအားဆန္ဒရှိရင် လိုက်လံအားပေးလို့ရကြောင်းအသိပေးချင်လို့ပါ"

သူကြီးစကား တစ်ထောင့်ဖြတ်သည်နှင့် အသံတချို့ကားထွက်လာပြန်သည်။

"ဟဲ့ညိုကြည် နင်လိုက်မယ်မလား"

"လိုက်မှာပေါ့အေ ငါ့သားလေးလဲပါတာပဲကို လိုက်မှာပေါ့ဟ"

"အေးဟယ်...ငါတို့သားသမီးလေးတွေ ကံကောင်းထောက်မလို့ ​အကောင်းဆုံးပြိုင်နိုင်ပါစေလို့ဆုတောင်းရမှာပဲ"

ဒေါ်ညိုကြည်နှင့်ဒေါ်မာဦးတို့နှစ်ယောက်သည် မြကြာဖြူ၏အမေဒေါ်မိုးခင်၏ရှေ့တွင်ပြောနေကြခြင်း။

ဒေါ်မိုးခင်မှ ထိုစကားကြားသည်နှင့် မဲ့ကာပြုံးလိုက်မိသည်။စိတ်ထဲမှလည်း

*ဟွန့်...ငါ့သမီးလောက်အရည်အချင်းမရှိကြပဲနဲ့များ ပြိုင်ပွဲဝင်နိုင်ဖို့ဆုတောင်းနေကြသေးတယ်၊ ဟိုရောက်မှ ငါ့သမီးလောက်ဘယ်သူမှမတော်ဘူးဆိုတာပြလိုက်ချင်စမ်းပါဘိ...*

တချို့သော ရွာသားများကဒေါ်မိုးခင်၏အပြုအမူကိုမြင်၍ ခေါင်းသာခါကြသည်။ မာန်အပြည့်နှင့်ထိုသားအမိကို သူတို့စိတ်လည်းမဝင်စားကြပေ။

လူကြီးမိဘများကားအိမ်အပေါ်ထပ်တွင် စုဝေးနေကြပြီး ပြိုင်ပွဲဝင်မည့်ကလေးများကအောက်ထပ်တွင် စုစည်းနေကြသည်။

ပြိုင်ပွဲဝင်ရမည့်ပထမဆုံးနေ့ဖြစ်၍ အကုန်လုံးကားစိတ်လှုပ်ရှားနေကြသည်။ ဖောင်တော်ဦးစျေးကိုခဏခဏရောက်ဖူးကြသူများဖြစ်သော်လည်း ယခုတစ်ခါတွင်တော့စိတ်လှုပ်ရှားနေကြသည်။

ထိတ်ထိတ်လင်းကျောင်းတော်ကြီး ထဲမှာပြုလုပ်မည့် အကဲဖြတ်ဒိုင်များကိုလည်းခန့်မှန်းကာ ပြောနေကြသည်။ ယခင်နေကနှင့်မတူသည့်အချက်မှာ မြကြာဖြူအပါအဝင် တချို့သောသူများသည် အဝတ်အစားများပြောင်းလဲထားခြင်းပင်။

My Own Inn Thar Lay [ကိုယ်ပိုင်သော အင်းသားလေး] 💌ONGOING💌Where stories live. Discover now