Part.5(Unicode)

15 3 0
                                    

မြကြာဖြူ၏ အကြည့်များသည် မီးလျှံများပြည့်နှက်​ေနကာ တစ်ခုခုအားဖျက်ဆီဖို့ရာ အားသန်နေသည်။

ငြိမ်းမြန်းသွေးသည်လည်း မြကြာဖြူအားစူးရှစွာပြန်လည်စိုက်ကြည့်နေလျက်ပင်။ ငြိမ်း၏စိတ်အလုံးစုံသည် ပိုးနုငယ်ခေါ်သည့်နတ်သမီးလေးအား ကာကွယ်ရန်သာနှစ်မြှုပ်ထားလေသည်။

ထိုအချိန်တွင် အကဲဖြတ်ဒိုင်တစ်ဦးထပ်မံရောက်ရှိလာလေသည်။

သူ(မ)ကား...နွေလမင်း....

သူ(မ)သည်လည်း နာမည်ကြီး သရုပ်ဆောင်ဖြစ်လေသည်။ နွေလမင်း စင်ပေါ်တက်လာသည်နှင့် ယောင်္ကျားလေးအများစု၏လေချွန်သံ၊လက်ခုပ်သံနှင့် ဆူညံသွားတော့သည်။

ထိုအခါမှ စစ်တိုက်နေသည့် မိန်းကလေးတို့သည်လည်း စစ်ပွဲအားရပ်ဆိုင်းလိုက်လေသည်။

မြကြာဖြူ သည် ပိုးနုငယ်အားလည်းကြည့်မရပေ။ သူ(မ)တွင် ငြိမ်းမြန်းသွေးဟုခေါ်သည့် ရွာကြီးရွာမှ သူဌေးသမီး ရှိနေသောကြောင့်ပင်။

အကယ်၍ သူ(မ)ဘေးတွင်ထိုကဲ့သို့ သူငယ်ချင်းမျိုးသာ ရှိပါကအလွန်ကိုကောင်းမည်ပင်။ ဘယ်သွားသွား၊ဘာစားစား ခေါ်သွားကာသုံးဖြုန်းပစ်မည်။ သူ(မ)အ့လို သူငယ်ချင်းလိုချင်သော်ငြား သူ(မ)ဘေးတွင်မရှိပေ။

သူ(မ)ကြည့်မရသည့် လူများဘေးတွင်သာရှိနေသည်။ ထိုကြောင့်သူ(မ)သူတို့ကိုမုန်းသည်။ အကောင်းဆုံး ဟူသောအရာတွေကိုသူမသာခံစားပစ်ချင်သည်။

"ငြိမ်း....စိတ်လျော့ပါတော့နော်...ငါတို့ကပြိုင်ပွဲလာပြိုင်တာလေ၊ အဲ့လိုသူများတွေကို ဂရုစိုက်​မနေပါနဲ့.."

ငြိမ်းမြန်းသွေးမှာ သူငယ်ချင်းမလေးစကား​ကြောင့် စိတ်ကိုအများကြီးလျော့ချပစ်လိုက်သည်။ သူ(မ)ခုလိုစိတ်တွေ ကြီးနေလို့မရသေး။ သူငယ်ချင်းမလေးကို ကာကွယ်ဖို့ သူ(မ)သန်မာနေမှရမည်။

သူ(မ)အား မျက်လုံးဝိုင်းလေးနှင့်ကြည့်ကာပြောနေသော သူငယ်ချင်းမလေးအားသေချာကြည့်လိုက်သည်။ သူ(မ)ရဲ့လက်ကို ပိုးနုငယ်မှညင်သာစွာဆုတ်ကိုင်ထားသည်။

မျက်ဝန်းများမှလည်း သူ(မ)အားစိုးရိမ်ပူပန်စိတ်များဖြင့်လွှမ်းခြုံကာ ကြည့်နေလေသည်။

My Own Inn Thar Lay [ကိုယ်ပိုင်သော အင်းသားလေး] 💌ONGOING💌Where stories live. Discover now