Part.2(Unicode)

32 3 0
                                    

At The Yangon;

^^နှိုင်းမရစံအိမ်^^

"အဖေ...သားကိုသွားခွင့်ပြုနိုင်မလား"

ရန်ကုန်မြို့ တစ်နေရာ နှိုင်းမရစံအိမ်ကြီး၏ဧည့်ဆောင်ခန်းမတွင် ပြတ်သားလှသည့်စကားတခွန်းပျံ့လွင့်လာခဲ့သည်။

ထိုစကားသည်သြရှရှနှင့်ပင်အလွန်နားထောင်၍ ကောင်းလှသည်။ ထိုအသံပိုင်ရှင်ကား ဧည့်ခန်း၏အလယ်တွင်ရပ်ကာနေလေသည်။

အညိုရောင်မျက်ဝန်းတစ်စုံနှင့်အညိုရောင်ဆံနွယ်များဟာ ထိုသူ၏ပင်ကိုယ်ပိုင်ဆိုင်မူဖြစ်သည်။ မိုးပြာရောင် shirt အင်္ကျီလက်ရှည်နှင့် အနက်ရောင် Jean Pantတို့ကိုတွဲကာဝတ်ဆင်ထားတာကြောင့်လူငယ်ဆန်ဆန်နှင့်ချောလှသည်။

ခြောက်ပေရှိသည့်အရပ်ကြီးက မြင့်မားကာမိန်းကလေးသာမက ယောင်္ကျားလေးတချို့ပါ မော်ကြည့်ယူရသည်။ ရင်အုပ်ကျယ်ကျယ်ကြီးကလည်း အားကိုးချင်စရာအတိပင်။ အသားအရည်ဆိုလျှင်လည်းဖြူကာ သွေးကြောစိမ်းစိမ်းများသည်ထောင်ထနေတတ်သည်မို့အလွန်ကြည့်ကောင်းလှသည်။

စူးရှလွန်းသည့်မျက်ဝန်းတစ်စုံကား အကြည့်ချင်းဆုံမိလျှင်ဒူးပင်မခိုင်လောက်အောင်စွမ်းဆောင်နိုင်ပေသည်။ နှာတံရှည်သွယ်သွယ်လေးနှင့် ဖြောင့်တန်းကာနေသောမျက်ခုံးတို့ဟာ တစ်ဆက်ထဲသွားကြပြီး
လုံးဝကိုပြီးပြည့်စုံလှသည်။
တင်းတင်းစိထားသည့်နှုတ်ခမ်းထူထူလေးဟာလည်း စွဲမက်ဖွယ်ကောင်းစွာ ညှို့အားအလွန်ပြင်းလှသည်။

ချမ်းသာသည့်အိမ်တော်မှ ဆင်းသက်လာသောသူအဖို့ နာမည်ကြီး brand ဒီဇိုင်းအချို့ကတော့ ဝတ်ဆင်ကြစမြဲပင်။ သို့သော် ထိုသခင်လေးကတော့ ထိုသို့အမြဲဝတ်ဆင်ကာနေရမူများကိုငြီးငွေ့လှသည်။

နာမည်ကြီး မင်းသားတစ်လက်ဖြစ်သည်နှင့်အညီ ဘယ်သွားသွားလိုက်လာတတ်သည့် သက်တော်စောင့်တစ်စီတစ်တန်းကြီးနှင့် ပါပါရာဇီတို့ကြောင့်စိတ်ညစ်ရသည်။ ကြားထဲပရိသတ်များနှင့်တွေ့လျှင်ပတ်ရှောင်ကာပြေးရသည်ကလည်းအလုပ်တစ်လုပ်ပင်။

လူအုပ်ကြီးတရုံးရုံးနှင့်နေရသည်ကို နှိုင်းချီ စိတ်ပျက်လှသည်။ ထိုကြောင့်ကုမ္ဗဏီတစ်ခုကပြုလုပ်မည့် အစီအစဥ်တစ်ခုတွင်ပါဝင်ကာ ထိုနေရာသို့တိတ်တဆိတ်လိုက်သွားဖို့ ခွင့်တောင်းနေခြင်းပင်။

My Own Inn Thar Lay [ကိုယ်ပိုင်သော အင်းသားလေး] 💌ONGOING💌Where stories live. Discover now