Part.6(Unicode)

21 1 0
                                    

"အားးးးး အကို...နှိုင်းးး"

နှိုင်းချီထွက်လာသည်နှင့်တပြိုင်နက် စင်အောက်မှမိန်းကလေးများဟာ တခဲနက်အားပေးကြတော့သည်။

စိုင်းယွမ်းသည်မိန်းကလေးများ၏ ဒုတိယမြောက်အိမ်မက်မင်းသားလေးဆို နှိုင်းချီသည်ပထမမင်းသားလေးဖြစ်သည်။ နောက်ပြီးယောင်္ကျားလေးအချို့၏ အိမ်မက်မင်းသားလေးလည်းဖြစ်ပြန်သေးသည်။

"အကိုနှိုင်း....အကိုနှိုင်း...."

နှိုင်းချီသည် အသက်25နှစ်ဟု မထင်ရလောက်အောင် ချောမောလွန်းသည်။ သရုပ်ဆောင်နှင့်အဆိုပညာတို့တွင်လည်း အလွန်ပင်ပြည့်စုံကာ ပြစ်ချက်မရှိပေ။

ထို့ကြောင့်လည်း ပရိသတ်အများစုရဲ့နှလုံးသားကိုသိမ်းပိုက်ထားလေသည်။ ယေဘုယျအားဖြင့်ဆိုလျှင် ထိုထဲတွင်မိန်းကလေးအများစုပါဝင်သည်။

နှိုင်းချီသည် စကားပြောရန်အတွက်မိုက်ခ်အားယူကာ
သူ့၏ခပ်ထူထူနှုတ်ခမ်းဝတွင် တေ့ထားလေသည်။
နှုတ်ခမ်းထူထူလေးကား အညိုရောင်ဘက်သွားနေသော်ငြား အလွန်ပင်ဆွဲဆောင်မူရှိသည်။

ယခုလည်း ပြိုင်ပွဲဝင်မည့်သူများအား အကြည့်မလွှဲနိုင်အောင်ညှို့ယူထားသေးသည်။ နေကြာပန်းလေးများသည် နေမင်းကြီးရှိရာသို့သာ မျက်နှာမူလျက်ရှသကဲ့သို့၊ ပြိုင်ပွဲဝင်များအားလည်း သူ့ထံပါးတွင်သာမျက်လုံးတည်စေသည်။

"အားလုံးပဲ.......မင်္ဂလာပါ....."

နောက်ဆုံးတွင်တော့ နှုတ်ခမ်းထူထူလေးဟာ ပွင့်အံလာကာ ရှတတအသံလှိုင်းအားထုတ်လွှင့်ခဲ့လေပြီ။
ပြိုင်ပွဲဝင်များကလည်း ယင်းအချိန်အားစောင့်မျှော်နေသည်မို့ နှိုင်းချီစကားဆုံးသည်နှင့် အသံလှိုင်းများထုတ်လွှတ်လာခဲ့သည်။

ထိုထဲတွင် ကြာနီထွေးဟုခေါ်သည် ကောင်ငယ်လေးသည်လည်းပါဝင်လေသည်။

"မင်္ဂလာပါ အကိုနှိုင်းချီ"

"ကျွန်တော့်ကတော့ ဤပြိုင်ပွဲမှာ အကဲဖတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်သွားမည့် နှိုင်းချီပါ"

"ဟုတ်ကဲ့ပါ အကိုနှိုင်းချီ"

" အားလုံးပဲ အကောင်းဆုံးပုံစံတွေကိုပြသပေးကြပါ"

You've reached the end of published parts.

⏰ Last updated: May 11 ⏰

Add this story to your Library to get notified about new parts!

My Own Inn Thar Lay [ကိုယ်ပိုင်သော အင်းသားလေး] 💌ONGOING💌Where stories live. Discover now