Part.3(Unicode)

23 3 0
                                    

"သွန်းစု ကျေးဇူးတင်ပါတယ်နော်"

ကြာနီထွေး တစ်နေရာတွင်ရပ်နေသော သူငယ်ချင်းမလေးနားတွင် ရပ်ကာခုဏကဖြစ်ရပ်အတွက်ကျေးဇူးတင်စကားပြောမိသည်။

သူကြီးအခုလိုသူ့အားခေါ်ထားချင်သည်မှာ သွန်းစု၏အစီအစဥ်ဖြစ်မည်ဟု ခံစားမိသောကြောင့်ပင်။

ဟိုးငယ်ငယ်လေးထဲက သူ့အပေါ်ဆိုနားလည်၊ဂရုစိုက်ပေးတတ်တဲ့သူငယ်ချင်းမလေး။ တခြားသောသူများက ပစ်ပယ်ထားချိန်မှာတောင် သွန်းစုဟာ သူ့အားမပစ်ပယ်ခဲ့ပေ။

"အထွေး နင်ငါ့ကိုကျေးဇူးတင်ရမှာမဟုတ်ဘူး၊ အဖေ့ကိုကျေးဇူးတင်ရမှာ၊ ငါကအဖေကိုအကူအညီတောင်းခဲ့ရုံပဲ။အဖေကသာ နင့်ကိုတကယ်ကူညီပေးခဲ့တာ"

ကြာနီထွေး ပြုံးလိုက်မိသည်။ သူ့အပြုံးဟာကြည်လင်ကာ သန့်ရှင်းနေလျက်။

"ဘယ်လိုပဲဖြစ်ဖြစ်ပါ ငါနင့်ကိုလည်းကျေးဇူးတင်တယ်၊ နင်ကနင့်အဖေဆီမှာ ငါ့ကိုပြိုင်ပွဲဝင်ရအောင်အကူအညီတောင်းခဲ့တာပဲလေ"

ကြာနီထွေးရဲ့ စကားကြောင့်သွန်းစုဟာ သွားဖြူဖြူလေးတွေပင်ပေါ်အောင်ရယ်လိုက်မိသည်။ သူ(မ)သူငယ်ချင်းက အရမ်းကိုဖြူစင်လွန်းကာချစ်စရာကောင်းလွန်းသည်။

ထို့ကြောင့်သူ(မ)မှာ အမြဲတမ်းကာကွယ်ပေးချင်လှသည်။ အမြဲတမ်းလဲကာကွယ်ပေးခဲ့ပါသည်။

"အေးပါ..နင်တကယ်ကျေးဇူးတင်တယ်ဆိုရင် ဒီပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်အောင်ပြိုင်ပါ့မယ်ဆိုတဲ့ကတိကိုပေးရမယ်"

"ငါကတိပေးပါတယ် သွန်စု၊ နင်နဲ့နင်အဖေစိတ်မပျက်စေရပါဘူး"

"ဟုတ်ပြီ...လာ...ငါတို့အ​​ဖေ့ဆီသွားရအောင်"

ကြာနီထွေး သူငယ်ချင်းမလေးဘေးကလိုက်ပါသွားသွားသည်။

ပြိုင်ပွဲအတွက်စာရင်းပေးခြင်းပြီးသွားပြီမို့ သူကြီးအိမ်၌လူများရှင်းသွားလေပြီ။ ယခုတွင် သူကြီးရယ်၊သူကြီးကတော်ရယ်၊သွန်းစုရယ်နှင့်ကြာနီထွေးသာလျှင်ကျန်တော့သည်။

သူကြီးနှင့်သူကြီးကတော်တို့က ဘုရားစင်ရှေ့ကစားပွဲလေးတစ်လုံးပေါ်တွင် စာရွက်အချို့နှင့်အလုပ်ရူပ်နေလေသည်။

My Own Inn Thar Lay [ကိုယ်ပိုင်သော အင်းသားလေး] 💌ONGOING💌Where stories live. Discover now