Part 20

4.2K 301 14
                                    

-အပိုင်း၂၀-

မနက်မိုးလင်းတာနှင့် အိမ်ရှေ့ဘုရားခန်းက တရားသံလေးကနားထဲအေးမြစွာစီးဝင်ရောက်လာသည်။ မီးဖိုချောင်ထဲမှ အသံများကြားနေရ၍ ကျော်ကိုကိုတစ်ယောက် ဟင်းချက်နေမှန်းသိလိုက်သည်။

အိပ်ရာနိုးတာနှင့် ကုတင်ဘေးစားပွဲပေါ်ရှိ ရေသန့်ဗူးကိုဆွဲယူပြီး ရေအဝသောက်လိုက်သည်။ ရေချိုးခန်းဝင်ရန် အင်္ကျီချွတ်၊ဘောင်းဘီချွတ်ပြီး boxer တစ်ထည်သာကုိယ်ပေါ်တွင်ချန်ထားသည်။  ရေလဲပုဆိုးဝတ်ပြီး ကိုယ်သုတ်ပဝါကိုရှာလိုက်စဥ် အရင်ကသုံးနေကြ အဖြူရောင်ကိုမှအရောင်ညစ်ညစ်တဘတ်မဟုတ်တော့ပဲ သစ်လွင်သော မိုးပြာရောင် တဘတ်လေးကိုခေါက်လျက်သားဖြင့်တန်းပေါ်တွင်ချိတ်ထားသည်။
တဘတ်ကို ပုခုံးပေါ်တင်ပြီး ရေချိူးခန်းထဲဝင်ခဲ့သည်။

ဘေစင်တွင် သွားတိုက်တံအသစ်တစ်ချောင်းတင်ထားသည်။သွားတိုက်ပြီး သွားတိုက်တံထည့်သည့်ကော်ခြင်းလေးထဲထည့်လိုက်စဥ်အရင်ကလို ထိုခြင်းထဲတွင် မျက်နှာသစ်ဆေး၊သွားတိုက်ဆေး၊ဂျုတ်စသဖြင့်ရှုတ်ယှက်ခတ်နေအောင်မရှိ။ သွားတိုက်တံလေးတစ်ချောင်းသာထိုခြင်းထဲတွင်ရှိနေသည်။

B Jayy က သဘောကျစွာပြုံးလိုက်သည်။ ရေပန်းကိုဖွင့်၍ ရေချိုးခေါင်းလျှော်လိုက်သည်။ အဝတ်အစားလဲပြီးကာမှ ထမင်းစားခန်းထဲ ဝင်သွားသည်။
အခန်းထဲ ဝင်လာတာမသိသော ကျော်ကိုကိုသည် သူ့ဟင်းကိုသည်းကြီးမဲကြီးချက်ပြုတ်နေသည်။

အနောက်နားဆီမှ အုပ်ဆောင်းလှန်သံကြောင့်ကျော်ကိုကိုလှည့်ကြည့်လိုက်သည်။

"အစ်ကိုနိုးပြီလား။ အစ်ကို့အတွက် ကျွန်တော်ရေစိမ်သုပ်လုပ်ပေးမယ်"

"အင်း"

ကျော်ကိုကိုက သွက်လက်စွာဖြင့် ရေစိမ်ထားသောခေါက်ဆွဲဖတ်ကိုယူ၍ ရေနွေးဖြင့်ထည့်ပြုတ်သည်။ ခေါက်ဆွဲသားနူးသွားချိန်တွင်ပန်းကန်ထဲထည့်ပြီး ကြာညှို့၊ဆီချက်နှင့် အရသာမှုန့်ထည့်သည်။ ကြက်သားလေးများကိုလည်းထည့်လိုက်ပြီးကာမှ ပန်းကန်တွင်တူတပ်ကာ B Jayyရှေ့ချပေးလိုက်သည်။

You're My Attachment Where stories live. Discover now