-ဇာတ်သိမ်းပိုင်း-

4.9K 247 12
                                    

-ဇာတ်သိမ်းပိုင်း-

သားကို သေချာစွာသိပ်ပြီးသည့်နောက် ဝရံတာဘက်ထွက်လာခဲ့သည်။ ဝရံတာဟုဆိုလိုက်လျှင် လွန်ခဲ့သောနှစ်များက အစ်ကိုနှင့်အတူ ဝရံတာရှေ့ထွက်ထိုင်ရသည့်နေ့ရက်များကိုပြန်တမ်းတမိသည်။

ငွေကြေးမပြည့်စုံခဲ့သည့်တိုင် စိတ်ချမ်းသာခဲ့ရသည်။ လွမ်းသည်... မျက်စိရှေ့ရှိနေသည့်တိုင် အစ်ကို့အားပျောက်ဆုံးနေသလိုထင်ရသည့် ထိုခံစားချက်ကြီးမှာ အတော်ဆိုးသည်။

"ဟူး"

သက်ပြင်းမောကို ရှိုက်ထုတ်လိုက်ပြီး ကောင်းကင်သို့မော့ကြည့်လိုက်သည်။ ထိုအခိုက် အနောက်မှနေ၍ သူ့ခါးလေးအား သိုင်းဖက်ခြင်းကိုခံလိုက်ရသည်။ ထိုကိုယ်သင်းရနံ့နှင့်ထိုအတွေ့သည် အစ်ကိုမှလွဲ၍ တခြားမဖြစ်နိုင်ပေ။

"အပြင်မှာအေးတယ်... "

"ကျွန်တော်အခုထိ စဥ်းစားမရသေးဘူး"

"ဘာကိုလဲ..."

ကျော်ကိုကို့၏ပုခုံးလေးကိုကိုင်၍ သူ့ဘက်သို့လှည့်စေလိုက်သည်။ ကျော်ကိုကိုနှင့်အစ်ကိုသည် ခေါင်းတစ်လုံးစာကျော်ကျော်လောက် အရပ်ကွာသည်မို့ ယခုကျော်ကိုကိုသည် အစ်ကို့အားမော့၍ကြည့်နေရသည်။

"လွန်ခဲ့တဲ့နှစ်နှစ်က အစ်ကိုလို့ခံစားလို့မရတဲ့ ခံစားချက်မျိုးဖြစ်နေတာ"

ကျော်ကိုကို၏အဖြေအဆုံးသတ်၌ အစ်ကိုသည် ကျော်ကိုကို့အား အလိုမကျသလို မျက်မှောင်ကြုံ့၍စိုက်ကြည့်လိုက်သည်။ ပြီးနောက် ထိုမျက်ခုံးတန်းများအား ပြန်လည်ရုတ်သိမ်းပြီး သူ့လက်ကလေးများအား တယုတယဆုပ်ကိုင်လာသည်။

"ကိုယ်က မင်းရဲ့အစ်ကိုပဲလေကွာ
လွန်ခဲ့တဲ့နှစ်နှစ်ကအစ်ကိုပဲ
ဘယ်လိုအခြေအနေတွေပြောင်းလဲသွားပါစေ
ဘယ်လိုနေရာတွေအထိရောက်ခဲ့ပါစေ
မင်းဟာကိုယ့်ရဲ့မင်း၊ ကိုယ်ဟာမင်းရဲ့ကိုယ်ပဲလေ။
ကိုယ်အကြိမ်ကြိမ်ပြောခဲ့ပါတယ်...
မင်းကကိုယ့်ရဲ့အိမ်ပါလို့....
ကိုယ့်မှာပြန်လာစရာအိမ်ဆိုလို့ မင်းပဲရှိတယ်လေ"

"...."

ကျော်ကိုကို နှုတ်ဆိတ်နေမိသည်။

"ကိုယ်ဟာလူကောင်းတစ်ယောက်မဟုတ်ဘူး
ကျော်ကိုကို...အရက်သောက်တယ်၊လောင်းကစားလုပ်တယ်၊ဆေးသုံးတယ်၊မိန်းမကိစ္စလည်းရှုတ်ခဲ့တာပဲ... ဒါပေမဲ့ ကိုယ်တစ်ခုမှမစွဲလန်းဘူး ....
ဘုရားကဟောတယ်....
ငြိတွယ်ခြင်းကတဏှာ....
စွဲလန်းခြင်းက ဥပါဒါန်တဲ့...
ဒီလောကမှာ ကိုယ်စွဲလန်းမိတဲ့တစ်ခုတည်းသော
ဥပါဒါန်ဟာ မင်းပဲကျော်ကိုကို"

You've reached the end of published parts.

⏰ Last updated: May 28 ⏰

Add this story to your Library to get notified about new parts!

You're My Attachment Where stories live. Discover now