Part - 26

3.2K 268 13
                                    

-အပိုင်း ၂၆-

"ဟဲ့နင်သတင်းကြားလား"

"ဘာတုန်း"

"စွမ်စော်ဘက်မှာလေ ကောင်မလေးတစ်ယောက်အလုပ်ကပြန်လာတာကို ရိုက်လုတာတဲ့ ကောင်မလေးမသေရုံတမယ်ပဲတဲ့"

"ခေတ်ကြီးကဘာတွေဖြစ်နေမှန်းမသိပါဘူးဟယ်"

"မသိဆိုဆန်းတယ်​ဟဲ့ရေ... အခု မိန်းကလေးတွေတင်မဟုတ်ဘူး ယောကျ်ားလေးတွေပါ လူကုန်ကူးခံနေရတယ်သိလား"

"ယောကျ်ားတွေတောင် မလုံခြုံတဲ့ဘဝပါလားအေ"

စာရေးမနှစ်ဦးသည် အလုပ်နားချိန်လေးမှာစကားစပ်မိရင်း ပြောဆိုနေခြင်းဖြစ်သည်။

B-Jayyက စာရင်းများကိုစစ်ရင်းနားထောင်နေလေသည်။ ဘာရယ်မဟုတ် ယောကျာ်းလေးများလူကုန်ကူးခံရသည်ဟုကြားလိုက်ရတော့ ဆံပင်ကုတ်ထောက်နှင့်တစ်စုံတစ်ယောက်ကိုသွားသတိရမိသွားသည်။

သတိရဆို ဒီနေ့သူအလုပ်နားသည်မဟုတ်လား။မနေ့ကမနက်ပိုင်း အဝတ်လျှော်တာအချိန်ကြာပြီး နှာဆေးနေလေသည်။ကိုယ်လည်းခပ်နွေးနွေးရှိသဖြင့် သူနားခိုင်းထားခြင်းဖြစ်သည်။

လက်ကနာရီကိုကြည့်တော့ အချိန်သည် ည၇နာရီပင်ရှိလေပြီ။ ထမင်းလာမပို့ဖို့တော့မှာထားသည်။ ပြောစကားဆိုတစ်ခါနှင့်နားမထောင်တတ်သော ထိုကောင်လေးသည်သူ့အတွေးမဆုံးခင်မှာပင် ထမင်းခြင်းလေးကိုဆွဲလို့ ဂိမ်းဆိုင်ထဲဝင်လာလေသည်။

"အလိမ်မာအိမ်ပါလေးလာပါပြီ"

စာရင်းမတစ်ယောက်က အနောက်ကနေ လှမ်းစလေသည်။

"နေမကောင်းလို့ အိမ်မှာနေခိုင်းတာကို
စကားနားမထောင်ပဲလိုက်လာတာ "

B Jayyက ပြန်ပြောလိုက်လေသည်။

"ထမင်းလာပို့တာ"

"စားစေချင်တာကိုသိပေမဲ့ မင်းမှနေမကောင်းတာကိုကွာ"

"ကိုယ်လေးနွေးတာပဲရှိတာပါအစ်ကိုရ"

"အင်းပါ မင်းသက်သာရင်ပြီးရော"

ထမင်းချိုင့်လေးကိုဖွင့်ကြည့်လျှင် ထမင်းဆီစမ်းပြီး ကြက်ကိုပေါင်လုံးလိုက်ကြော်ထားသည်။ ချဥ်ပေါင်နှင့်မျှစ်ကြော်ကိုငါးပိနှင့်ကြော်ထားတာရယ်။ ညစာကအတော်လေးထမင်းမြိန်စေသည်။

You're My Attachment Where stories live. Discover now