"ထယ်ယောင်း.... ညစာစားမယ်၊ လာခဲ့......"
ထယ်ယောင်းလဲထသွားပြီးနောက် ........
"ဆရာ...ဟင်းချက်တတ်သားဘဲ..... ဆုချရမယ်...."
"အဟမ်!!!! ဆုချချင်ပြန်ပြီဆိုလဲ မစားတော့ဘဲ မင်းကိုဘဲစားလိုက်ရမလား..."
"ဆရာ....ဘာတွေပြောနေတာလဲ.....ကျတော်...ကျတော်က ဆရာ့တပည့်နော်....."
"တပည့်......ဖြစ်တော့ရော ဘာဖြစ်လို့လဲ....."
"အဲ့....အဲ့တာက ကျတော် ဗိုက်စာနေပြီ စားတော့မယ်....."
ထယ်ယောင်းလဲ ခုံကိုအမြန်ဆွဲကာ ထိုင်လိုက်ပြီးနောက် ဂျောင်ကု ပြင်ပေးထားသော ညစာအား စားနေလေတော့သည်။
"ကောင်းလား...."
"မဆိုးပါဘူး..... ကောင်းပါတယ်"
"ဒါဆိုသိပ်မကောင်းဘူးပေါ့...."
"ကောင်းသင့်သလောက်တော့ကောင်းပါတယ်...အရမ်းအဆိုကြီးတော့မဟုတ်ဘူး။"
"ဒီထက်ပိုကောင်းတာ စားကြည့်မလား"
"ဘာလဲ...."
ထယ်ယောင်းကတော့မျက်လုံးအဝိုင်းသားလေးနှင့် နားမလည်သည့်ဟန်ပြန်မေးလိုက်လေသည်။
"ဟက်!!!! ဒါလား ကျောင်းက ကင်း လူဆိုးလေးက အခုကျတော့ ဘာမှမသိတော ့ပြန်ဘူး။"
"ဆရာက အရင်မရှိ အဖျား မရှိပြောနေတာ ကျတော်က ဘာကိုနားလည်ပြီး ဘာကို သိရမှာလဲ။"
"ကိုယ့် ကိုစားလေ အရသာရှိတယ်...."
"ဟမ် !!!!! ဒါလား ကျောင်းက innocent ဆရာဆိုတာ အခုကျတော့ သားကောင်ချောင်းနေတဲ့ ကျားဆိုးကြီး ကျနေတာဘဲ....."
"ဟ...ငါပြောတိုင်းလိုက်ပြောနေတာဘဲ...."
"ဘာဖြစ်လဲ..မကျေနပ်ဘူးလား။"
ဂျောင်ကု တယောက်သူ့ရှေ့က ထိုစွာတေးလန်လေးအား ရင်ထဲ ကလိကလိနှင့် အသဲယားနေမိတာတော့အမှန်ပင်။
ဂျောင်ကုလဲ သက်ပြင်း အရှည်ကြီးတချက် ချလိုက်ပြီးနောက်
"ကိုမင်းကိုတခုပြောစရာရှိတယ်..."
"ပြောလေ"
"အရင်ကုန်အောင်စားလိုက်အုံး ပြီးမှပြောမယ်။"
"အိုခေ"
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ဆရာ ကျတော့်ကိုပြောစရာရှိတယ်ဆိုတာ ဘာလဲ"
"အဲ့တာက.... မင်းနဲ့ ဟိုတခါတွေ့လာတဲ့ ကားပြိုင်ကွင်းကလူရော...မင်းကားနဲ့တိုက်မိပြီးလဲ ကျသွားတဲ့ သူကရော က တခြားသူမဟုတ်ဘူး အဲ့တာ ငါဘဲ။"
"အမ်.... ဆရာ.... ဆရာ့ ညီလို့ပြောတယ်မဟုတ်ဘူးလား"
"အွန်း ငါ့မှာညီမရှိဘူး.... ငါက တစ်ဦးထဲသောသား... အဲ့တာငါဘဲ...."
" အဲ့တာဆို ဆရာကျတော့်ကိုလိမ်ပြောတာပေါ့...."
" အွန်း.... ငါလဲ ဘာပြော ရမှန်းမသိလို့ ပြောမိပြောရာတာပြောလိုက်တာ...."
"ဆရာ လူလိမ်.... ကျတော်က တကယ်မှတ်နေတာ...."
"ကို့ ကို စိတ်မဆိုးပါနဲ့နော်.... မရည်ရွယ်ပါဘူး....."
"ပြောပြီးမှတော့ ဘာလုပ်လို့ ရမှာလဲ...မရည်ရွယ်ဘူးဆိုလဲ ယုံပေးရတော့မှာပေါ့..."
"စိတ်ဆိုးသွားတာလား။"
"မဆိုးဘူး..ကျတော်က ဘာ ကိစ္စ စိတ်ဆိုးရမှာလဲ...."
" ကိုတောင်းပန်ပါတယ်နော် စိတ်မဆိုးပါနဲ့....."
"စိတ်မဆိုးဘူး... သူများတွေကြားရင် သမီး ရည်းစားတွေလို့ထင်ကုန်ကြအုံးမယ်...."
"ထင်ပါစေပေါ့ကွာ....."
"ဟာ... ဇွတ်ပါလားခဗျားက...."
" ဘာဖြစ်လဲကွာ...ထင်ချင်တာထင်ပါစေပေါ့......"
"တော်ပြီ..တော်ပြီ..ကျတော်အိပ်တော့မယ်...."
"ကိုလဲအိပ်တော့မှာလေ တူတူအိပ်မယ်...."
"ဘာလို့တူတူအိပ်ရမှာလဲဗျ... တခြားနေရာသွားအိပ်...."
"ကို့ အခန်းလေ အဲ့တာ....."
"မသိဘူးဗျာ တခြားနေရာသွားအိပ်....."
" မအိပ်ဘူးကွာ...မင်းနဲ့ဘဲအိပ်မှာ...."
"ဂျွန်ဂျောင်ကု ခဗျား ဘာဖြစ်နေတာလဲ...."
" မင်းနဲ့ အတူအိပ်ချင်နေတာကွာ... သိပြီလား ကင်မ်ထယ်ယောင်း....."
ထိုသို့ပြောပြီးနောက် ထယ်ယောင်းဘေး၌ဝင်လှဲလိုက်ပြီး ထယ်ယောင်းအား ဆွဲဖက်ကာ ရင်ခွင်ထဲ ထဉ့်ထားလိုက်လေသည်။
" ဟ... ခဗျား ဘာဖြစ်နေတာလဲ..လွှတ်...."
"ကင်မ်ထယ်ယောင်း ငြိမ်ငြိမ် အိပ်တော့ ကို အိပ် ချင်နေပြီ...."
ထယ်ယောင်းလဲ ဘာမှဆက်မပြောနိုင်တော့လို့ ငြိမ်ငြိမ်လေးသာ အိပ်နေတော့လေသည်။
_yunaJeon.(hazel)
