Part 2(U)

19.4K 1.8K 287
                                    

မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်းထဲကနေ ပုံမှန်နှုန်းဖြင့်မောင်းနှင်လာခဲ့သည့် အဖြူရောင်ကားလေးတစ်စီးမှာ ဘီးလေးတလှိမ့်လှိမ့်ရွေ့လျားလာခဲ့သည်။ ရန်ကုန်မြို့၏ယာဥ်ကြောပိတ်ဆို့မှုအနည်းငယ်နှင့်အတူ ကားလေးသည်လည်း ခပ်ဖြည်းဖြည်းပင်ရွေ့လျားနေခဲ့သည်။

"သားဉာဏ် မြန်မာပြည်ပြန်လာရတာပျော်ရဲ့လားကွဲ့ "

နီနေသည့်မီးပွိုင်ကြောင့် ခတ္တရပ်ထားသည့်ကားသံလေးထဲမှ ဒါရိုက်ဘာဦးတိုး၏ စကားသံကထွက်ပေါ်လာ၏။ အနည်းငယ် မူးဝေဝေဖြစ်နေသည့်ခေါင်းကိုဖိထားရင်း ဦးတိုးအား အသာပြုံးပြလိုက်သည်။

"ပျော်ပါတယ်ဗျ ဦးတိုးနဲ့အရင်ဆုံးတွေ့ရတာကောင်းတယ် ကျွန်တော်သတိရနေတာ"

သူ့စကားကြောင့် ဦးတိုးကတော့ သဘောကျသွားဟန်ဖြင့် ခပ်ပြုံးပြုံးတုံ့ပြန်လာ၏။

"အတူတူပါပဲ ငါ့တူရယ် မင်းအဒေါ်ကြီးကလည်း ငါ့တူလေးဘယ်တော့ပြန်လာမလဲဆိုတာပဲမေးနေတာ"

ဦးတိုး၏စကားအား အသိအမှတ်ပြုစွာ စိတ်လိုလက်ရပြုံးပြရင်း ကားမှန်ကနေတစ်ဆင့်အပြင်သို့ငေးကြည့်နေလိုက်သည်။

လမ်းတစ်လျှောက်တွေ့နေရသည့်Billboardတွေပေါ်က ကြော်ငြာပုံရိပ်တွေထဲမှ လူကိုခဏခဏမြင်ပါများလာတော့ နှာခေါင်းရှုံ့မိသည်။ နေရာတိုင်းမှာသူချည်းစိုးမိုးလွန်းနေသည်မို့ မျက်စိနောက်လာသည်။ ဆက်ကြည့်နေရင် ထပ်ပြီးတွေ့နိုင်ဦးမလားဆိုတာမသိနိုင်တာကြောင့် မျက်စိကိုသာမှိတ်ထားလိုက်တော့သည်။

*မမြင်ချင်ဘူး သိပ်အမြင်ကပ်ဖို့ကောင်းတယ်*

အချိန်တစ်ခုကြာတော့ ကားလေးတရွေ့ရွေ့မောင်းနှင်လာခဲ့ရင်း သိပ်မကြာခင်အချိန်အတွင်းမှာပဲ အိမ်သို့ရောက်လာခဲ့သည်။ ဒယ်ဒီကတော့ ကျန်းမာရေးသိပ်မကောင်းသည်မို့ လေယာဥ်ကွင်းကို သူလာမကြိုခိုင်းခဲ့တာဖြစ်သည်။ ဒယ်ဒီက သူရှိသည့်သြစတေးလျကို တစ်နှစ်တစ်ကြိမ်တော့ ပုံမှန်လာသည်မို့ ဒယ်ဒီနဲ့ကတော့တအားကြီးလည်း ဝေးကွာမနေခဲ့ပါ။ ဒီကိုပြန်မလာခင်နှစ်မှာတော့ ဒယ်ဒီ့ကျန်းမာရေးက သိပ်မကောင်းသည်မို့ မလာခိုင်းခဲ့တာကြောင့် ဒယ်ဒီနဲ့မတွေ့ရတာ တစ်နှစ်လောက်တော့ရှိမည်။

Difference Between Us [ Ongoing..]Where stories live. Discover now