Part 3(U)

19K 1.8K 396
                                    

"စိတ်တိုလိုက်တာ!"

ရေစိုနေသည့်အဝတ်တွေကိုလဲပြီး ညာ စိတ်တိုစွာရေရွတ်မိသည်။ အဝတ်အစားအပိုလည်းမပါသည်မို့ ပါးပါးအဝတ်တွေကိုသာ ခတ္တဝတ်ထားလိုက်သည်။

အချိန်တွေအကြာပြီး ဝေးကွာနေခဲ့ပြီးမှ ပြန်တွေ့ကြတဲ့ပထဆုံးအခြေအနေမှာတင် သူ့အားကြိုဆိုလိုက်ပုံက တစ်စက်လေးတောင်အချိုးပြေမနေခဲ့။ ကောင်းတဲ့အခြေအနေတွေအထိမမျှော်လင့်ထားပေမဲ့ ဒီလိုအ​နေခက်တဲ့အခြေအနေကိုလည်းမမျော်လင့်ထားမိခဲ့ပေ။

' ဒေါက်! ဒေါက်! '

"သား ပူတင်းလေး အဝတ်အစားလဲပြီးရင် ပါးပါးတို့ မနက်စာစားရအောင် ဆင်းလာခဲ့လိုက်နော်"

"ဟုတ်ကဲ့ ပါးပါး"

အခန်းအပြင်ကနေ ပါးပါးအား တုန့်ပြန်သံပေးရင် ရေစိုနေသည့်ဆံပင်ကိုDryerနဲ့မှုတ်နေလိုက်သည်။

သိပ်မကြာခင်မှာပဲ အောက်ဆင်းရန်အတွက်အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ရုတ်တရက် ဘေးအခန်းကနေပါ ထွက်လာသည့်ဟိုလူကိုမြင်လိုက်ရသည်မို့ စိတ်ပျက်စွာမျက်မှောင်ကြုတ်မိသည်။ ထိုလူကတော့ သူ့ကိုမမြင်သလိုပင် ဘောင်းဘီအိပ်ကပ်ထဲလက်တွေထည့်လျက် သူ့အရှေ့ကနေဖြတ်သွားပြီး ကျော့မော့စွာလျှောက်သွားသည်။

အချိုးမပြေသည့်ထိုလူကိုကြည့်ရင်း ညာ နှာခေါင်းရှုံ့မိသည်။ 6ပေနီးနီးရှိသည့်အရပ်ကြီးက မိုးထိုးနေသည်။ ရှပ်လက်ပြတ်ဝတ်ထားတာကြောင့် လက်မောင်းသားခပ်ကြီးကြီးတွေကလည်းမြင်သာနေသည်။ Social Mediaတွေမှာမြင်နေရသည့်ပုံစံထက် အပြင်မှာလူကောင်ကပိုကြီးသေးသည်။

တွေးရင်းပင် ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်မိသည်။ ငယ်ငယ်တည်းက ပညာရေးအပေါ်မှာပဲလိုက်စားပြီး ကျန်တာသိပ်ပြီးအရေးမထားတဲ့သူ့အဖို့ Gymတွေဘာတွေဆော့ဖို့ဆိုတာလည်းဝေးသည်။ သူ့လိုဗလကြီးကြီးတွေလည်းမရှိသလို သူ့လို ကလန့်ကလားကြီးလည်းမဟုတ်ပေ။ ညာ က အကောင်လည်းမသေးသလို အရပ်ကလည်းပုတဲ့အထဲမပါပါ။ သူကသာ လိုတာထပ်ပိုရှည်ပိုကြီးနေတာပဲဖြစ်လိမ့်မည်။

Difference Between Us [ Ongoing..]Where stories live. Discover now