Part8 (U)

39.3K 1.8K 713
                                    


"Wtf! အဲ့ဒီCakeက ဘယ်သူ့အတွက်ဝယ်တာလဲ!"

"အဲ့တာ ငါတို့တိုင်းလေးဆိုတာသေချာတယ် ဘယ်သူ့အတွက် ကိုယ်တိုင်ဝင်ဝယ်ရတာလဲ!"

"ငါတို့ငိုရတော့မှာလား"

"မသနားနဲ့တော့ အဲ့ဒီCakeက ငါ့အတွက်ဝင်ဝယ်တာ အမိတို့ရေ"

"တံတိုင်းက Cakeစားရတာမကြိုက်ဘူးလေ ဒါက ဘယ်သူ့အတွက်လဲ! ဘယ်သူ့အတွက်လဲလို့"

"ငါတို့တိုင်းလေးဟုတ်ပါ့မလား Editတွေလည်းဖြစ်နေဦးမယ် ဘယ်တုန်းက ဒီီလိုမျိုးလုပ်ဖူးလို့လဲ ပြီးတော့ တိုင်းကCakeမကြိုက်ဘူးလေ"

Reply- " တံတိုင်းဆိုတာသေချာပါတယ်နော် အဲ့နေ့က အဲ့ဒီCakeဆိုင်မှာ တို့လည်းရှိခဲ့တယ်တံတိုင်းမှတံတိုင်းအစစ်ပါ သိသိခြင်းပဲ အနောက်ကပြေးလိုက်တော့ မမှီတော့ဘူး တံတိုင်းရဲ့ ခြေလှမ်းကျဲကြီးတွေကမြန်လွန်းတယ်"

"ငါတို့မင်းသမီးခေတ်လေးအတွက်ဝယ်တာဖြစ်ပါစေ အခုကာလကလည်းဇာတ်ကားတူတူတွဲရိုက်နေကြတာဆိုတော့ ဒီလိုပဲဖြစ်လိမ့်မယ်ထင်တယ်"

Reply-ဟုတ်တယ်sisရေ တွေးပြီးပျော်နေတာ Entက အမြန်Confirmပါစေ"
Reply-ဘာတွေမျှော်လင့်နေတာလဲ အမိတို့ရေ ပြောရဲလိုက်တာ"
Reply-ဟာသတွေပြောနေတာလား အရှက်လည်းမရှိကြဘူးနော်"

"ဒါလည်းသတင်းဖြစ်တာပဲလား ဒီလိုနေရာမှာဆိုပေါများလိုက်တဲ့အမျိုးသမီးထုကြီး ဒီလောက်များတာတောင် ငါအခုထိစော်မရသေးဘူး"

Social Mediaမှာ Trendဖြစ်နေသည့် ပုံတွေကြောင့် အပြိုင်အဆိုင်ငြင်းခုန်နေကြသည့်မှတ်ချက်တွေကလည်း ပွက်လောရိုက်နေသည်။
Cake ဆိုင်ထဲမှာ Cakeဝယ်နေသည့်ပုံတွေနှင့် Cakeဘူးကိုလက်ကကိုင်ရင်း ဆိုင်ထဲကနေခပ်မြန်မြန်ပြန်ထွက်သွားသည်အထိ မိမိရရရိုက်ထားသည့်ပုံတွေ Shot Videoတွေက NFတခွင်နေရာယူနေ၏။

ပုံထဲတွင် T Shirtအနက်ရောင်ပွပွနှင့်ခဲရောင်Jean Pantကိုတွဲဖက်ဝတ်ဆင်ထားသည့်တံတိုင်းက ဦးထုတ်ကိုခပ်ငိုက်ငိုက်ဆောင်းရင်း Maskကို တပ်ထားသည်။
မျက်နှာကိုလုံးဝမပေါ်အောင် အသေအချာကာကွယ်ထားပေမဲ့ စုံထောက်ထက်တော်သည့် Fanတစ်စုကြောင့် ထိုလူဟာဘယ်သူဘယ်ဝါဆိုတာ ကြည့်လိုက်တာနဲ့ တန်းသိနိုင်ကြသယောင်။

Difference Between Us [ Ongoing..]Where stories live. Discover now