Meeting with system

1.6K 43 2
                                    

<Unicode>
ဆက်ဧကရီ တစ်ယောက် ဒီနေ့ မသာကောင်သူတောင်းစားနဲ့လမ်းခွဲပြီး ကလပ် သွားကာ အသည်းကွဲဇာတ်လမ်းရိုက်နေမိသည်။

သူတောင်းစားနွားက မိန်းကလေးတစ်ယောက်နဲ့တွဲသွားတယ်ဆိုရင် ခံသာသေးတယ်အခုကြတော့ သူ့အိမ်က ဘောစိ dady ကြီးတစ်ယောက်နဲ့ လက်ထပ်ဖို့ တိုက်တွန်းလို့ ကိုယ့်ကိုလမ်းခွဲသွားတာတဲ့...

ဖြစ်သင့်ရဲ့လား လောကကြီးရေ...

ကမ္ဘာပေါ်က အဆင်တွေအကုန်လင်ရပြီး ငါတို့လို မိန်းမသားတွေက ကျန်ရစ်နေရတော့မှာလား..

မဖြစ်ရဘူး အဲ့ကောင်ကို ငါရအောင်လက်ထပ်မယ် ...

ဆက်ဧကရီ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့အတူ အရက်ခွက်တစ်ခွက်ကို တစ်ကျိုက်ထဲမော့လိုက်ပြီး ယိုင်တိယိုင်တိုင်နဲ့ ကလပ်က ထွက်ပြီး လမ်းမပေါ်ထွက်လာလိုက်သည်။

လာတုန်းက အငှါးကားနဲ့ လာပေမဲ့ ထွက်လာတော့ ပါလာသမျှပိုက်ဆံအကုန်လုံးကို ကလပ်မှာသုံးပစ်လိုက်ပြီမို့ 9693 နဲ့သာ အိမ်ပြန်ရဝောာ့သည်။

(9693 -ကိုယ့်ခြေထောက်ကိုယ်သုံး)

ဆက်ဧကရီ လမ်းလျှောက်နေချိန် တိုင်တစ်တိုင်က သူ့ဆီ လာသလိုဖြစ်နေတာကြောင့် ရှောင်ရင်း တံတားပေါ်ကနေ ရေထဲပြုတ်ကျပြီး မာလကီးယား ယားသွားတော့သည်။

သူ့ဆီလျှောက်လာတယ်ထင်နေတဲ့အရာက တစ်ကယ်တော့ ဓါတ်တိုင်ကြီးပါ သူ့ဟာသူနေနေတာကို သေချင်ရင်သေချင်တယ် မပြောဘူး မဖြစ်နိုင်တဲ့အကြောင်းပြချက်ကြီးနဲ့ ပြသွားသေးတယ်...

ဆက်ဧကရီ မူးနောက်နေတဲ့ ခေါင်းကို လက်သီးနဲ့ဖွဖွကလေးထုလိုက်သည်။နာနာထုရင် သူ့ခေါင်းဘဲနာမှာလေဟုတ်ဘူးလား...

ဆက်ဧကရီ မျက်လုံးဖွင့်ပြီး အောက်ကိုကြည့်လိုက်တော့ မျက်လုံးကလယ်ကလယ်နဲ့ မှိုနီနီလေးက သူ့ကိုကြည့်နေသည်။

မှိုလေးက ၅ လက်မလောက်သာရှည်သည်။ဆက်ဧကရီ မှိုလေးကိုတွေ့လိုက်တာနဲ့

"ဟေ့ မှိုပု ငါဘယ်ရောက်နေတာလဲ"

ဆက်ဧကရီမေးလိုက်တော့ ထိုမှိုပုက စိတ်ဆိုးသွားသလို တစ်ကိုယ်လုံးနီရဲတောက်လာပြီး

System နဲ့အတူ ရည်းစားရှာကြမယ် (Complete)Where stories live. Discover now