<Unicode>
နှင်းစန္ဒာ စောင့်ပြီး သိပ်မကြာခင်မှာဘဲ အခန်းထဲသို့ ပိုင်ပြည့်လှိုင်ဝင်လာခဲ့သည်။ဝင်လာတဲ့သူကို ကြည့်လိုက်ပြီး နှင်းစန္ဒာ ရင်ခုန်သွားသည်။6 ပေကျော်တဲ့အရပ်အပြင် အမဲရောင် suit ကိုဝတ်ဆင်ထားပြီး သူ့ကိုအကြည့်စူးစူးနဲ့ကြည့်နေပုံက အရည်ဖျော်နေသလိုပင်..
ပိုင်ပြည့်လှိုင်ကလည်း နှင်းစန္ဒာ အနားသွားထိုင်လိုက်ပြီး ခုံတန်းပေါ် လက်တင်သလိုနဲ့ နှင်းစန္ဒာကိုဖက်လိုက်သည်။
နှင်းစန္ဒာ သူ့ Daddy မှန်းသိတာနဲ့ မူမနေတော့ဘဲ ပိုင်ပြည့်လှိုင်ရဲ့ရင်ခွင်ထဲမှီကာ
"Daddy baby တို့ဘယ်ချိန်လက်ထပ်ကြမလဲ"
"Baby ကရော ဘယ်ချိန်လက်ထပ်ချင်လဲ"
"Baby ကတော့ မြန်လေကောင်းလေဘဲ"
"ဟင့် မြန်လေကောင်းလေဆိုတော့ ကိုယ့်ကိုသဘောကျသွားလို့လား"
"သဘောကျတယ်ဆိုတာထက် ပိုတယ်"
ရင်ခွင်ထဲကနေ ခေါင်းမော့လိုက်ပြီး ငုံ့ကြည့်နေတဲ့လူရဲ့ နှုတ်ခမ်းကိုတစ်ချက်နမ်းပြီးပြန်လွှတ်ဖို့ပြင်ပေမဲ့ ပိုင်ပြည့်လှိုင်ကတော့ အလွှတ်မပေးဘဲ အနမ်းကို ပြင်းပြင်းထန်ထန်နမ်းလာသည်။
မိနစ်အတော်ကြာမှ လွှတ်ပေးလိုက်ပြီး
"ဒီနေ့က စပြီး Baby က ကိုယ့်အပိုင်ဘဲ ကိုယ်ကလွဲရင် ဘယ်သူနဲ့မှမပတ်သက်ရဘူး အထူးသဖြင့် ချစ်စရာကောင်းတဲ့ကောင်လေးတွေနဲ့ပေါ့"
"Daddy တစ်ယောက်လုံးရှိနေတာဘဲ ဘာလို့ပတ်သက်ရမှာလဲ Daddy ပစ်ထားရင်တော့ baby လည်းမတက်နိုင်ဘူး"
"အဆိုးလေ"
"ဟီး Daddy ဘာစားချင်လဲ Baby ချက်ကျွေးမယ်"
"ရပါတယ် ကိုယ့်ဆိုင်ထဲက စားဖိုမှူးတွေချက်လိမ့်မယ်"
"ဘာလဲ baby ချက်ကျွေးတာ မစားရဲလို့လား"
"မစားရဲစရာလား baby ချက်တာဆိုရင် ကြက်ဥမဲမဲလေးလည်းစားတယ် အခုက baby ပင်ပန်းမှာဆိုးလို့ပါကွာ"
"မပင်ပန်းပါဘူး ချစ်ရသူကိုချက်ကျွေးတာဘဲ ပင်ပန်းစရာလား နာရီဝက်ဘဲစောင့် "