<Unicode>
လူတိုင်းကြည့်လိုက်ကြတော့ နှင်းစန္ဒာက သူမရဲ့လက်ကို Tissue နဲ့သုတ်နေပြီး မျိုးမြင့်ဆွေက ကြမ်းပြင်ပေါ်လဲကျနေသည်။မျိုးမြင့်ဆွေ သူ့ရှေ့ကလူကို မယုံနိုင်သလိုကြည့်လိုက်သည်။နှင်းစန္ဒာ သူ့ကိုမယုံကြည်နိုင်သလိုကြည့်နေတဲ့ မျိုးမြင့်ဆွေကို မျက်လုံးအောက်စိုက်ကြည့်လိုက်ပြီး
"ရွံစရာလက်တွေနဲ့ လာမထိစမ်းနဲ့ နင့်မယားကိုသွားထိပါလား ဟိုမသာမကလည်း နင့်လင်ကတခြားလူကိုလာထိနေတာ ကြောင်ကြည့်မနေနဲ့ ကိုယ့်လင်ကိုနိုင်အောင်ထိန်း နောက်တစ်ခါငါ့ကိုလာထိလို့ကတော့ .."
စကားဆက်မပြောတော့ဘဲ လက်မနဲ့ လည်ပင်းကို လှီးပြလိုက်သည်။သူမအော်သံကြောင့် ဆွေသဟာက သူမထိုင်နေရာကနေထပြီး
"ကိုကို ဘာဖြစ်သွားသေးလဲ "
ဆိုပြီးစိုးရိမ်တကြီးမေးကာ မျိုးမြင့်ဆွေကို ထလို့ရအောင် ကူပေးလိုက်သည်။အပိုတွေလုပ်နေတဲ့ နှစ်ယောက်ကိုကြည့်ပြီး နှင်းစန္ဒာ အန်ချင်စိတ်တောင်ပေါက်လာသည်။
သူ့ဘေးမှာရပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ကို အဝတ်စပစ်ပေးလိုက်ပြီး
"နင်ဆက်လုပ်လိုက် အားလုံးဘဲ စိတ်အနှောက်အယှက်ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် ဆက်လက်သုံးဆောင်ကြပါ"
နှင်းစန္ဒာ အပြုံးနဲ့ပြောလိုက်ပြီး မီးဖိုချောင်ဝင်ကာ သူမအဖေကို ကူလုပ်ပေးလိုက်သည်။ညနေ ၄ နာရီထိုးတော့ အားလုံး ဆိုင်သိမ်းပြီး ကိုယ်စီအိမ်ပြန်ခဲ့ကြသည်။
နှင်းစန္ဒာ အိမ်ရောက်တာနဲ့ သူမအဖေက
"သမီး အဖေ့ဆီခနလိုက်ခဲ့အုံး သမီးကို ပြောစရာရှိတယ်"
"ဟုတ်ဖေဖေ"
သူမအဖေက သူမကို စာကြည့်ခန်းဆီခေါ်သွားပြီး အံဆွဲထဲက ပုံတစ်ပုံထုတ်ယူပြီး သူမကိုပေးလာသည်။
"ရော့ သမီး ဒါသမီးရဲ့သတိုးသားလောင်းဘဲ"
"သတိုးသားလောင်း ဟုတ်လားဖေဖေ"
"အင်း"
နှင်းစန္ဒာ ဓါတ်ပုံကိုယူကြည့်လိုက်တော့ အမလေး ချောလိုက်တာ ချစ်စရာလေး အသက်က အခုမှ ၁ လဘဲရှိသေးတယ်ထင်ပါရဲ့ ပိတ်စအဖြူလေးနဲ့ရစ်ပတ်ထားသည်။