7.7

168 12 0
                                    

<Unicode>
နောက်တစ်နေ့တွင် နှင်းစန္ဒာနဲ့ ပိုင်ပြည့်လှိုင်ကပြင်ဆင်ပြီး ပြိုင်ပွဲနေရာသို့သွားကြတော့သည်။

ပိုင်ပြည့်လှိုင်က ထိုပွဲတွင် ဒိုင်လူကြီးအဖြစ်ဖိတ်ကြားခံခဲ့ရသည်။ဘာလို့ဖိတ်တာလဲဆိုရင် သူက ဟင်းမချက်တက်ပေမဲ့ ဟင်းအရသာအကြောင်းအလွန်သိလို့ပင်...

၂ နှစ်တစ်ခါကျင်းပလေ့ရှိတဲ့ ပြိုင်ပွဲတွေမှာ ပိုင်ပြည့်လှိုင်ကိုအမြဲဖိတ်ကြားခဲ့သည်။ဒါပေမဲ့ သူ့ရဲ့ပုံတွေကတက်မလာတာကြောင့် သူပါမှန်း ပြိုင်ပွဲထဲကသူတွေသာသိကြသည်။

နှင်းစန္ဒာက လက်ထောက်မယူဘဲ တစ်ကိုယ်တည်းယှဉ်ပြိုင်မည်ဖြစ်သည်။သူ့လိုဘဲ တစ်ချို့အဖွဲ့ဝင်တွေက တစ်ကိုယ်တည်းယှဉ်ပြိုင်ကြမည်ဖြစ်သည်။

သူတို့ရောက်တာနဲ့ အဝတ်အစားလဲပြီး အဆင်သင့်ပြင်ထားရသည်။နာရီဝက်ကြာတော့ ပြိုင်ပွဲစတင်ဖို့အတွက် announcer ကကြေငြာလာတာကြောင့် ပြိုင်ပွဲကွင်းထဲသို့ဝင်လာကြသည်။

မျိုးမြင့်ဆွေနဲ့ဆွေသဟာက နှင်းစန္ဒာကိုတွေ့တော့ ပြုံးရီနေတဲ့မျက်နှာက တစ်မျိုးဖြစ်သွားသည်။

ဆွေသဟာ သူ့ကိုကိုနားကပ်လိုက်ပြီး

"ကိုကို ဘယ်လိုလုပ်မလဲ သူကဘာလို့လာပြိုင်တာလဲ သူ့အဖေကိုမပြုစုရဘူးလား သူကရောဘာလို့ဘာဒဏ်ရာမှမရတာလဲ"

"စိတ်ပူမနေနဲ့ သူကဘယ်လောက်တောင်တော်မှာမို့လဲ ကိုကိုသူ့အကြောင်းသိပြီးသား ချက်တတ်တယ်ဆိုပေမဲ့ စားကောင်းရုံလောက်ဘဲ စိတ်ပူမနေနဲ့ ဒီနေ့ပြိုင်ပွဲမှာ ကိုယ်တို့ဘဲပထမရလိမ့်မယ်"

"အင်း"

အကုန်လုံးနေရာယူပြီးသွားချိန် announcer ကထွက်လာပြီး

"အားလုံးဘဲ ဒီနှစ်ရဲ့အချက်အပြုတ်ပြိုင်ပွဲကိုတရားဝင်စတင်လိုက်ရအောင် အရင်ဦးဆုံး ဒိုင်လူကြီးတွေနဲ့မိတ်ဆက်ပေးပါ့မယ် ပထမဒိုင်ကတော့ အပြင်အဆင်နဲ့ပတ်သက်တဲ့ ဆရာသိန်း "

သူပြောလိုက်တော့ အသက် ၄၅ နှစ်အရွယ်ယောက်ျားတစ်ယောက်က ထရပ်ပြီး ကင်မရာဘက်လက်ဝေ့ယမ်းပြပြီး ပြန်ထိုင်သွားသည်။

System နဲ့အတူ ရည်းစားရှာကြမယ် (Complete)Where stories live. Discover now