5.7

310 17 0
                                    

မိုးဆက်လှိုင်း ဒီမနက်လည်းအရင်နေ့ကနည်းတူ မနက်စာချက်ပြုတ် ကလေးကိုသေချာကျွေး အလုပ်သွားနဲ့လည်ပတ်နေသည်။

သူအလုပ်ရောက်ပြီး အလုပ်လုပ်ပြီးနောက် နေ့လည်စာစားနေချိန်

'host ဇာတ်လိုက်မ သေသွားပါပြီ'

'ဟမ် ဘယ်လိုလုပ်သေသွားတာလဲ သူ့အကြောင်းတွေ ငါတောင်မဖော်ရသေးဘူးလေ'

'host ပင်ပန်းမှာဆိုးလို့ မနေ့ညက လျှံဝသန် ဇာတ်လိုက်မအကြောင်းစုံစမ်းတဲ့အချိန် သက်သေတွေပေးလိုက်တာပါ'

'ငါ့ကိုပြောပြအုံး ဇာတ်လိုက်မဘယ်လိုသေသွားလဲဆိုတာကို'

'ဟုတ် ဖြစ်ပုံက ဒီလိုပါ...$-#(&$¥€¥§}€...'

ဒီမနက် ဆုမွန်ဟန် shopping ထွက်ဖို့ အိမ်ကနေ ကားနဲ့ထွက်လာခဲ့သည်။အိမ်ကစထွက်ချိန် သတိမထားမိပေမဲ့ လမ်းမီးပွိုင့်မိချိန်ကနေစပြီး သူ့နောက် အဆက်မပြတ်လိုက်နေတဲ့ကား ၂ စီးကိုသတိထားမိလိုက်သည်။

လမ်းတူ‌လို့နေမယ်ဆိုပြီးတွေးပေမဲ့ shopping ရောက်ပြီး လိုချင်တာတွေဝယ်ပြီး ပြန်ထွက်လာလည်း သူ့နောက်ဘဲလိုက်နေတာကြောင့် မျက်ခြေပျက်အောင်လုပ်ရင်း လမ်းပျောက်သွားသည်။

ဘယ်ကနေဘယ်လို မြို့ပြင်ရောက်လာမှန်းမသိတော့ဘူး ..ကားတစ်စီးက သူ့ကားကိုကျော်တက်ပြီး လမ်းပိတ်ပြှး ရပ်လိုက်သည်။

တိုက်မိမှာဆိုးတာကြောင့် ကားဘရိတ်အုပ်ပြီး ငြိမ်ငြိမ်ထိုင်နေချိန် ကားပေါ်က လူ ၆ ယောက်ဆင်းလာပြီး ကားမှန်ကို ဘေ့စ်ဘောတုတ်နဲ့ရိုက်ဖွင့်လာသည်။

ရဲစခန်းကိုဖုန်းဆက်ဖို့ဖုန်းထုတ်လိုက်တော့ လိုင်းက

"ဝန်ဆောင်မှုမရှိပါ"

ဆိုတဲ့စာသားပေါ်နေသည်။ဖုန်းကိုဘဲ မဲပြီးကြည့်နေတာကြောင့် ကားမှန်ကနေဝင်လာတဲ့လက်ကို သတိမထားမိလိုက်ပေ...

လက်က မှန်ကနေတဆင့် သူမရဲ့ ဆံပင်ကို ဆွဲကာ မှန်ကနေ ဆွဲထုတ်လိုက်သည်။အားကြီးလိုက်ပုံများ အပြင်ကိုတန်းထွက်လာသည်။

အကုန်လုံးကို ကြည့်လိုက်တော့ မျက်နှာတစ်ခုလုံးကို အမဲရောင်ခေါင်းစွပ်နဲ့အုပ်ထားကြသည်။

System နဲ့အတူ ရည်းစားရှာကြမယ် (Complete)Donde viven las historias. Descúbrelo ahora