7.6

166 13 0
                                    

<Unicode>
နှင်းစန္ဒာတို့ နှစ်ယောက်လည်း မိဘတွေကိုတရားဝင် အသိပေးပြီးနောက် တစ်နှစ်ကြာလျှင်လက်ထပ်ဖို့ပြင်ဆင်ထားကြသည်။

သိပ်မကြာခင်တွင် ပြိုင်ပွဲစတော့မည်ဖြစ်သည်။မျိုးမြင့်ဆွေကလည်း နှင်းစန္ဒာဖခင်ကို အနိုင်ရဖို့အတွက် အကြံကုန်ထုတ်နေတော့သည်။

အစက နှင်းစန္ဒာဆီက ချက်ပြုတ်နည်းတွေခိုးဖို့တွေးထားပေမဲ့ နှင်းစန္ဒာကရုတ်တရက်သူ့ကိုလမ်းခွဲလိုက်သလို ပိုင်ပြည့်လှိုင်နဲ့လည်း တွဲသွားသေးသည်။

မျိုးမြင့်ဆွေက တစ်ခြားသူတွေကို အနိုင်ရဖို့အေးဆေးပေမဲ့ နှင်းစန္ဒာအဖေလို ဝါရင့်စားဖိုမှူးကိုတော့ အနိုင်ရဖို့သိပ်မလွယ်ပေ...

တစ်ညမှာတော့ လူတွေငှါးပြီး နှင်းစန္ဒာတို့အိမ်ကို မီးသွားရှို့ခိုင်းတော့သည်။အကယ်၍ နှင်းစန္ဒာအဖေနဲ့နှင်းစန္ဒာသာ တစ်ခုခုဖြစ်သွားပြီး ပြိုင်ပွဲကိုမလာနိုင်ရင် သူ့အတွက်ကတော့အမြတ်များသာဖြစ်သည်။

ထိုညက ကံကောင်းစွာ နှင်းစန္ဒာက ပိုင်ပြည့်လှိုင်နဲ့ညစာသွားစားနေတာကြောင့် ည 10 နာရီလောက်မှအိမ်ပြန်လာခဲ့သည်။အဲ့အချိန်ထိဘာလုပ်နေလဲ လာမမေးနဲ့ လုပ်ချင်ရာတွေလုပ်နေတာပေါ့....

နှင်းစန္ဒာ တို့ပြန်လာချိန်တွင် မီးလောင်နေတဲ့ အိမ်ကြောင့် နှင်းစန္ဒာ သူ့အပေါ်ဝတ်ကို ချွတ်ပြီး ရေစိမ်ကာ ခေါင်းကစပြီးဖုံးကာ အိမ်ထဲပြေးဝင်သွားလိုက်သည်။

ပိုင်ပြည့်လှိုင်လည်း မီးသတ်ကားနဲ့ ရဲစခန်းအပြင် ambulance ကိုပါဖုန်းဆက်ပြီးနောက် နှင်းစန္ဒာလိုဘဲ အပေါ်ဝတ်ကို ရေစိမ်ကာ အိမ်ထဲပြေးဝင်သွားလိုက်သည်။

နှင်းစန္ဒာ သူ့အဖေအခန်းကိုပြေးသွားလိုက်ပြီး

"အဖေ ဖေဖေရေ!!.."

ဆိုပြီးအော်ခေါ်လိုက်သည်။မီးခိုးတွေက အသက်ရှုလမ်းကြောင်းထဲဝင်ရောက်လာချိန် အသက်ရှုရကြပ်လာသလိုဖြစ်ပြီး ချောင်းဆိုးလိုက်သည်။

နှင်းစန္ဒာအဖေကလည်း ချောင်းတဟွတ်ဟွတ်ဆိုးနေရင်း ကုတင်ပေါ်လဲကျနေသည်။မီးခိုးတွေမွှန်းသွားတာကြောင့် အားနည်းကာ မေ့လဲသွားခါနီး သူ့သမီးအသံကြားလိုက်ရတာကြောင့် အားတင်းလိုက်ပြီး

System နဲ့အတူ ရည်းစားရှာကြမယ် (Complete)Donde viven las historias. Descúbrelo ahora