7.9

172 11 0
                                    

<Unicode>
Announcer ဆီက ချောင်းဟန့်သံထွက်လာမှအကုန်လုံးက အသိပြန်ဝင်လာပြီး ဘာဝေဖန်စကားမှမပြောတော့ဘဲ အမှတ်ပြည့်ထောင်ပြလိုက်ကြသည်။

ပိုင်ပြည့်လှိုင်ကလည်း ဂုဏ်ယူနေတဲ့အပြုံးနဲ့ပြုံးပြလာပြီး အမှတ်ပြည့်ထောင်ပြလိုက်သည်။

ရုတ်တရက်ဖြစ်သွားတဲ့အရာကြောင့် announcer မှာ အံဩသွားပြီး

"အ အမှတ်ပြည့်လား"

သူမေးလိုက်တော့ ဒိုင်တွေအကုန်လုံးက ခေါင်းငြိမ့်ပြလာကြသည်။ဒီလိုထူးဆန်းတဲ့အရာကြောင့် မူရင်းဟင်းပွဲကိုချက်ပြုတ်သူက ကွယ်ရာကနေထွက်လာပြီး ကျန်နေတဲ့ဟင်းပွဲကိုမြည်းကြည့်လိုက်သည်။

သူမြည်းကြည့်လိုက်တော့လဲ ဒိုင်တွေနည်းတူအံဩသွားသည်။ပြီးတော့ ပြုံးရုံပြုံးနေတဲ့နှင်းစန္ဒာကို မယုံကြည်နိုင်သလိုကြည့်လိုက်သည်။

"ဒါက လုံးဝကို အံဩစရာဘဲ ဒီကပြိုင်ပွဲဝင်ဘယ်လိုများချက်လိုက်တာလဲ"

"ကျမအရင်ဆုံး ရှင့်ရဲ့ဟင်းပွဲကိုမြည်းကြည့်ပါတယ် ပြီးရင် ချက်ရမဲ့နည်းလမ်းကိုပြန်ကြည့်လိုက်တော့ ပါဝင်ပစ္စည်းတစ်ခုမထည့်ထားတာတွေ့လိုက်ရပါတယ်"

"အံဩဖို့ကောင်းလိုက်တာ တစ်ခြားဘယ်သူမှသတိမထားမိတာကို မင်းသတိထားမိတယ်"

"အင်း ကံကောင်းသွားလို့ပါ"

Live ကြည့်နေတဲ့သူတွေက အမှတ်ပြည့်ရတဲ့ဟင်းပွဲအရသာကိုမြည်းကြည့်ချင်စိတ်ပေါ်သွားကြသည်။

မူလချက်ပြုတ်သူတောင်အံဩသွားရလောက်တဲ့အထိဆိုရင်တော့ နှင်းစန္ဒာက သာမန်မဟုတ်ဘူးဆိုပြီး မှတ်ချက်များတွင်ဆွေးနွေးနေကြသည်။

မျိုးမြင့်ဆွေနဲ့ဆွေသဟာကလည်း  နှင်းစန္ဒာရဲ့အမှတ်ကြောင့် အံဩနေကြသည်။မနာလိုစိတ်တစ်ချို့လဲထွက်လာကြသည်။

First round ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၁ ယောက်ထွက်ခွာသွားရပြီးနောက် ၉ ယောက်သာကျန်ခဲ့သည်။

ပထမနေ့တွင်တော့ ဒီ‌လောက်နဲ့ရပ်နားလိုက်ပြီး နောက်တစ်နေ့အတွက် ပင်လယ်ဘေးတစ်နေရာသို့ ခရီးဆက်ထွက်ခဲ့ကြသည်။

System နဲ့အတူ ရည်းစားရှာကြမယ် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ