7.10

164 11 0
                                    

<Unicode>
နှင်းစန္ဒာပစ္စည်းသွားရှာတာက 10 မိနစ်သာရှိသေးတာမို့ သူမပြန်ရောက်လာချိန်လူတိုင်းက အံဩသွားသည်။

အစောကြီးပြန်ရောက်လာတဲ့သူမကြောင့် ဒိုင်တွေဆွေးနွေးကာ သူမကို အဓိကဟင်းလျာနှစ်ပွဲနဲ့ ဟင်းရည်တစ်ပွဲဆိုပြီး သုံးပွဲစီစဉ်ခိုင်းလိုက်ကြတော့သည်။

ပိုင်ပြည့်လှိုင်အစကဆန့်ကျင်နေပေမဲ့ နှင်းစန္ဒာရဲ့

"အင်း"

ဆိုတဲ့လက်ခံသံကြောင့် လက်ခံလိုက်ရသည်။နှင်းစန္ဒာလည်း သေတ္တာကို ဖွင့်ကြည့်လိုက်ပြီး အထဲမှာရှိတဲ့ပစ္စည်းတွေကိုကြည့်လိုက်သည်။

ကန်စွန်းရွက်၊မှို၊ပြောင်းဖူး၊တိုဖူးဖြူ၊ခရု၊နံနံပင်၊ကြက်သွန်မိတ်အပြင် ပါဝင်ပစ္စည်းအစုံရှိနေသည်။

နှင်းစန္ဒာဦးဆုံး ရေနွေးကိုတည်လိုက်သည်။ထို့နောက်မှိုကြီးများကိုယူပြီး သေချာဆေးကြောလိုက်သည်။ထို့နောက် မှိုကြီးကို ဓါးဖြင့် အပြားပါးပါးလေးသေချာလှီးလိုက်သည်။

သူမရဲ့ဓါးကိုင်ပုံက အလွန်ကြည့်ကောင်းတာကြောင့် လူတိုင်းက သူမရဲ့ live. ကိုလာကြည့်နေကြသည်။

တစ်ချို့ပြိုင်ပွဲဝင်တွေက တိုက်ခိုက်ခံရသလို တစ်ချို့က ချောက်ထဲပြုတ်ကျပြီးဒဏ်ရာရသွားတာကြောင့် ၃ ယောက်ထွက်သွားသည်။

ကျန်တဲ့ ၅ ယောက်ကလည်း ပစ္စည်းတွေရှာနေဆဲဖြစ်ပြီး တစ်ချို့ကတော့ပြန်လာနေကြပြီဖြစ်သည်။

မှိုများကိုလှီးပြီးရေနွေးပွက်ပွက်ဆူသည့်အထဲပြုတ်လိုက်ပြီး ရေစစ်ထားလိုက်သည်။ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုနုတ်နုတ်စဉ်းလိုက်ပြီး ကြက်သွန်မိတ်ကို တစ်လက်မအရွယ်ဖြတ်တောက်လိုက်သည်။

ဖြတ်ထားတဲ့ကြက်သွန်မိတ်တွေကို ထိပ်လေးတွေစိတ်လိုက်ပြီး ပန်းပွင့်ပုံစံဖော်ထားလိုက်သည်။

နံနံရွက်တွေကိုလည်း လှတဲ့အရွက်တွေသေချာရွေးကာ သပ်သပ်ခွဲထားလိုက်သည်။ထို့နောက် ပန်းကန်လုံးတစ်ခုယူကာ ထိုထဲတွင် ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ငရုတ်သီးခွဲခြမ်းမှုန့်၊ဆား၊ငံပြာရည်၊ငရုတ်ကောင်း၊အရသာမုန့်နည်းနည်း၊ငရုတ်သီးအရောင်မုန့်၊ခရုဆီနဲ့နောက်ထပ်လိုအပ်တဲ့အရာတစ်ချို့ဖထပ်ထည့်ကာ ဆီပူပူလောင်းထည့်ပြီးရောသမမွေထားလိုက်သည်။

System နဲ့အတူ ရည်းစားရှာကြမယ် (Complete)Where stories live. Discover now