Stargazing

152 27 15
                                    

Spring Snow

ငြိမ်သက်နေတဲ့ညတွေက ပိုပြီးကျယ်လောင်တယ်ဆိုတဲ့စကားကို ညဉ့်နက်လေ သဘောပေါက်လာလေ။

တိုးညှင်းလွန်းတဲ့စည်းချက်ညီညီ လေရှူသံလေးကိုတောင် ကြားရတဲ့ထိ တိတ်ဆိတ်နေတဲ့အခန်း။ အိပ်မောကျနေသူက စိတ်ပူပန်စရာတွေကိုခုမှလွှတ်ချနိုင်ခဲ့တဲ့၊ အရာရာကိုလုံခြုံစိတ်ချစွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဟန်။

စောင်ပုံလေးကြားထဲ သူ့ပေါင်မုန့်လုံးလေးက တိုးဝှေ့ကာအိပ်စက်နေသည်။ ဆေးအရှိန်နဲ့အဖျားအရှိန်ပေါင်းပြီး လူဆိုးလေးကမဆိုးနိုင်တော့။သို့သော် တဖက်လူအကြောင်းကောင်းမွန်စွာ နားလည်ထားသောသူတစ်ယောက်ကတော့ အိပ်မပျော်နိုင်သေး။ အသာမျက်လုံးကိုမှိတ်ထားပြီး နားစွင့်နေရသည်။

ဆေးသောက်ပြီးရင် အစောကြီးအိပ်မောကျသွားတတ်ပေမယ့် ညတဝက်လောက်ဆို အမြဲချွေးထွက်လွန်းတာကြောင့်နိုးလာတတ်တဲ့အကျင့်က တဖက်လူမှာရှိသေးရဲ့လား သူမသိပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်ကမှတ်ဥာဏ်အတိုင်းရှင်သန်နေတဲ့သူကတော့ အရာအားလုံးကိုမှတ်မိနိုင်ပါသေးသည်။

အိပ်မပျော်တာရော မအိပ်နိုင်တာရောကြောင့် မှန်ပြတင်းအပြင်ဘက်က ညကိုသာငေးမောနေရသည်။

ပြန်တွေ့တဲ့ ၂ ရက်အတွင်း မတ်သျူးကသူ့အိမ်မှာရှိနေခဲ့ပြီး သူကလည်းဒီညမတ်သျူးအခန်းထဲမှာ မျက်လုံးမှိတ်ဖို့ကြိုးစားနေခဲ့ပြန်တယ်။ ကုန်လွန်ခဲ့တဲ့ ၅ နှစ်စာမေးခွန်းတွေ၊အလွမ်းအဆွေးတွေကိုမြင်နေရပေမယ့် ထိလွယ်ရှလွယ်စွာ ဘယ်သူကမှအစမဖော်ရဲ။ သူကလည်းနှုတ်ဆိတ်နေခဲ့ပြီး တဖက်လူကလည်း တိတ်ဆိတ်နေခဲ့ပါတယ်။

ဒါကရော ဘယ်လိုနှစ်သိမ့်နည်းများလဲ။ ကြားထဲက ၅နှစ်ဟာ ဒီအချိန် ကုန်သွားတဲ့ပြက္ခဒိန် စာရွက်သာသာလေးပဲလား။ မနက်ဖြန်ဘာဆက်ဖြစ်သွားမလဲ မတွေးရဲ..သူတို့ပြန်ဝေးကြမှာလား။ ပြန်ဝေးတယ်ပြောရအောင်လည်း ခုထိပြန်ဆုံကြသေးတာမှမဟုတ်ဘဲ။ ကိုယ်ရောသူရော တုန်ခိုက်နေတဲ့လက်သန်းစွန်းလေးချင်း ထိစပ်ထားရုံပါ။ ဘယ်ချိန်တဖက်လူက လက်ကလေးကို ဖယ်ထုတ်သွားမလဲ သူမှမသိနိုင်ဘဲ။

The Moment I KnewWhere stories live. Discover now