Time Machine
လိုက်ကာစဆီအလင်းပွင့်လေးမပက်ဖြန်းခင်တည်းက မျက်လုံးအစုံက alarm သံမပါဘဲအလုံးစုံပွင့်လာခဲ့သည်။
ဆိုဖာပေါ်က ကိုကို့ပုံရိပ်လေးက ချိုမြိန်ခဲ့ဖူးတဲ့မနက်ခင်းလေးတွေကို ပိုတမ်းတစေသည်။ ဝေးရတဲ့အပူဟာ တောက်လောင်နေတဲ့ တောမီးဆို နီးရက်နဲ့ဝေးနေရခြင်းကလည်း တငွေ့ငွေ့မြိုက်နေတဲ့ အပူမီးပဲဖြစ်လေမလား။
အိပ်ရာကိုတတ်နိုင်သလောက်အသံမထွက်အောင်သိမ်းခြင်းအားဖြင့် ကိုကို့အိပ်စက်ခြင်းကို အနှောင့်အယှက်မပြု။ ထိစပ်နေတဲ့မျက်တောင်စွန်းလေးတွေရဲ့ကော့ညွှတ်နေပုံများ အသာအယာလေးတစ်ပင်ချင်းစီထိုင်ရေချင်နေမိတဲ့ထိ။ သိပ်လှတယ်လို့ပြောရင် ကိုကိုကအသာရယ်ပြီး တအားခန့်တယ်ပြောကွာဆိုပြီး ပြင်ပေးခဲ့တဲ့ဟန်လေးတွေကအစ သူ့နှလုံးသားရဲ့အခန်းတွေထဲမှတ်တမ်းတင်ထားဆဲ။
ဆိုဖာဘေးအသာလေးထိုင်ပြီး ကိုကို့မျက်နှာလေးကိုငေးကြည့်မိခဲ့သည်။ တအားပင်ပန်းခဲ့ရလား..ဘာလို့မမုန်းခဲ့တာလဲ...ဘာလို့ဘာမှမမေးခဲ့တာလဲ... သူမေးချင်တဲ့မေးခွန်းတွေပေမယ့် တစ်ခုမှမဟနိုင်ခဲ့။ နဖူးစပ်လေးကို လက်ညှိုးလေးနဲ့ အသာလေးတို့ထိပြီးကိုကို့နွေးထွေးမှုကို သူ့ခန္ဓာထဲ တိတ်တဆိတ်ကူးစေခဲ့သည်။ ဒီခိုးယူမှုလေးအတွက် ကိုကိုကအပြစ်မမြင်စေဖို့ အသာအယာဆုတောင်းမိသည်။
"ကျွန်တော်တော့သိပ်လွမ်းတာပဲကိုကိုကို့" "ဒီလိုမနက်ခင်းလေးတွေ ကိုကိုအိပ်စက်နေရတာကိုငေးကြည့်နိုင်မယ့် ဒီလိုမနက်ခင်းတွေ ကျွန်တော်တော့ သိပ်ကိုလွမ်းတာပဲ ကိုကိုရယ်"
သူ့မျက်တောင်စွန်းနှစ်ခုထိစပ်သွားတော့ အရည်ကြည်လေးတွေက အဖျားဆွတ်နေခဲ့သည်။
ကိုကို့အိပ်စက်နေဟန်လေးကို ၁၅မိနစ်လောက်အဝကြည့်ပြီးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့လူကို မနိုးစေချင်တာကြောင့် နေပျောက်ကျလာမယ့်လိုက်ကာစလေးကို အသာအယာပိတ်ထားပေးခဲ့သည်။တံခါးကိုဖွဖွပိတ်ပြီး မနေ့ညက မနက်စာချက်ကျွေးပါ့မယ်ဆိုတဲ့ကတိကိုတည်ဖို့ ရေခဲသေတ္တာထဲမြေလှန်ရှာရတော့သည်။

YOU ARE READING
The Moment I Knew
FanfictionThis is a autumn like love story between the two who fated to meet again after separating for a long time