..........Unicode.......we are Perfect Strangers.......
ညအမှောင်ကို မှိန်ပြပြ လမ်းမီးရောင်များက ထိုးခွင်းလျက် ပတ်ဝန်ကျင်အား အလင်းဓာတ်အနည်းငယ်ပေးစွမ်းနေသည်။
ညဆယ်နာရီအချိန်သည် ပတ်ဝန်ကျင်တွင် တိတ်ဆိတ်လျက် လူသူပြတ်စဲလို့နေသည်။
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် ယောကျ်ားတစ်ဦးကတော့ မှိန်ပြပြအလင်းရောင်အား အမှီပြုကာ လိုရာခရီးအား နှင်လို့နေသည်။ဇေးဇတ်မောင်.........
သည်အချိန်ဆို ဇေး အချိန်ပိုင်းအလုပ်ကနေ ပြန်လာနေကျအချိန်ဖြစ်သည်။နယ်မှတက်လာတဲ့ ဇေးတစ်ယောက် ကျောင်းစရိတ်အတွက် ညအချိန်ပိုင်းအလုပ်လုပ်နေခြင်းဖြစ်သည်။နယ်မှ မိဘများက စီးပွားရေးအဆင်မပြေတာကြောင့် ဇေးပိုက်ဆံမတောင်းဝံံ့ချေ။
ဇေးတတ်နိုင်သလောက် တစ်ဖက်တစ်လှမ်းကနေ ဝင်ငွေရအောင် ရုန်းကန်နေရသည်။ဇေးအတွက် အပိုကုန်မဲ့ အလုပ်ဆို ဘာတစ်ခုမှမလုပ်ဘူး။အဝတ်အကောင်းစားတွေမလိုဘူး။လူကြား နည်းနည်း တိုးလို့ရရင်အဆင်ပြေနေပြီ။မုန့်ဆိုတာ ဇေးနဲ့အလှမ်းဝေးနေတာကြာပေါ့။အပြင်စာဆိုလို့ အခန်းထဲက ခေါက်ဆွဲခြောက်တွေသာ ရှိသည်။တစ်လတစ်လ အခန်းခကလည်း ပေးရသေးတယ်။အခန်းဆိုသည်မှာလည်း အိပ်ခန်းတစ်ခန်းရယ် မီးဖိုချောင်ဟု မဆိုလှတဲ့ ခပ်ကျည်းကျည်းလေးရယ် ဧည့်ခန်းကျည်းကျည်းလေးသာ ပါဝင်သည်။တစ်ယောက်သမား ဇေးအဖို့ကတော့ အဆင်ပြေလှသည်ဟု ဆိုရမည်။
ဇေးတစ်ယောက် လူခြေပြတ်လှတဲ့ လမ်းမထက် ခပ်သွက်သွက်လျှောက်နေမိသည်။လမ်းဘေးနှစ်ဘက်တွင် တိုက်တန်းလျားကြီးတွေမို့ ကြောက်စိတ်အနည်းငယ်ဝင်မိသည်။ညရှစ်နာရီထိဆို ညစျေးသည်များဖြင့် ပြည့်နေသလောက် ဇေးပြန်လာတဲ့အချိန်ဆို လူသူပြတ်စဲလို့နေသည်။
ဇေးတစ်ယောက် လမ်းကြားထဲ ချိုးဝင်လိုက်စဥ် ထိုးကြိတ်နေကြတဲ့ လူတစ်စုကြောင့် မျက်လုံးပြူးသွားရသည်။ဇေးရဲ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။လူတစ်ယောက်ကို လူသုံးယောက်က ဝိုင်းထိုးနေကြခြင်းဖြစ်သည်။
YOU ARE READING
Perfect Strangers. 💙💙
Romance***we are perfect strangers. no reason for our love🖤💜💙💚💛❤