6

413 5 0
                                    

Unicode
................................

ကြီးကျယ်ခန်းနားတဲ့ အိမ်ကြီးရဲ့ ထမင်းဝိုင်းတွင် အစားအသောက်များက အငွေ့တထောင်းထောင်းနဲ့ အနံ့များကလည်း ဆွဲဆောင်လို့နေသည်။

ထိုထမင်းဝိုင်းတွင် အမျိုးသားလေးယောက် ထိုင်နေကြသည်။

''သားငယ် မထသေးဘူးလား ရိပ်ငယ်....''

''ကိုကြီးရဲ့ သားငယ်က အိမ်ပြန်မအိပ်ဘူးညက.....''

''ကလေးကို မလွှတ်ထားနဲ့အုံး....''

''ဟွန့်....ကိုကြီးတို့ပဲ အမျိုးမျိုးတတ်နိုင်လွန်းတယ်.......''

ယောက်ဖဖြစ်သူနဲ့ ရိပ်တို့ရဲ့စကားဝိုင်းကို မင်းထန်နဲ့ ဇွဲက ဘေးကနေနားထောင်နေသည်။

''ယောက်ဖတို့ စားနှင့်တော့မလား....ရိပ်...ထမင်းခူးပေးလိုက်အုံး....''

''သားငယ်ကိုစောင့်အုံးမယ်..........''

ထိုအချိန်တွင် ထမင်းစားအခန်းထဲသို့ ကောင်လေးတစ်ယောက်အပြေးဝင်လာကာ စာပွဲရဲ့ထိပ်၌ ထိုင်နေသော စိုင်းတမန်လည်ပင်းအားသိုင်းဖက်ကာ ချွဲနေတော့သည်။

''ဟီးဟီး.....ဘကြီးတို့ကို လွမ်းနေတာ.....နေကောင်းလား......''

ထိုမြင်ကွင်းကို အားလုံးကပြုံးကာကြည့်နေကြသည်။

''ကယ်.....ဆိုစမ်းပါအုံး ဘာပူစာမလို့လဲ....''

''ဟာ....သားငယ်က တကယ်လွမ်းနေတာပါ....''

''ကဲ.....မင်းအရိပ်....ကိုကြီးကိုချွဲမနေနဲ့....ထိုင်တော့.......''

''ဟုတ်ပါးပါး....အားလုံးမောနင်း.....''

ရိပ်လည်း ထမင်းခူးလိုက်တော့သည်။ထို့နောက်အကိုကြီးအား ဟင်းဦးချပေးလိုက်ပြီး ဘေးမှ ယောက်ျားအား ဟင်းခပ်ထည့်ပေးလိုက်သည်။

''ဦးဇွဲရော....နေကောင်းတယ်မလား.....''

''ကောင်းပါတယ်သားငယ်....အိမ်ဘက်လာလည်အုံးနော်....''

''ဟုတ်ကဲ့.....''

မင်းထန်တစ်ယောက် မျက်နှာမကြည်တော့ပေ။ဘယ့်နှယ် ဖအေဖြစ်သူကိုမေ့ကာ ကျန်တဲ့သူများအား နှုတ်ဆက်နေတာ နည်းနည်းတော့ မလွန်ဘူးလား။

Perfect Strangers.  💙💙 Where stories live. Discover now