8

457 4 2
                                    

Unicode

.........................................................

''ဇေး......ဇေး.....ဇေး....''

''အင်း.....''

''ထတော့လေဗျာ....နေစောင်းနေပြီ.....''

''ဟင်.....ငါအလုပ်နောက်ကျတော့မှာလား....''

ဇေးလည်း ကမှန်းကတန်းထကာ ဖုန်းကိုယူကာ နာရီကြည့်လိုက်တယ်။

''၆နာရီထိုးတော့မယ်....အား....သေပါပြီ.....''

ဇေးလည်း အိပ်ယာပေါ်မှ ဆင်းရန်ပြင်လိုက်သည်။မင်းအရိပ်ကတော့ ဇေးကိုကြည့်ကာ မျက်မောင်းကြုံ့နေမိသည်။

''ဇေး.....!!...''

''ဟမ်.....ဘာလဲမောင်....''

မင်းအရိပ်လည်း ဇေးလက်ကိုဆွဲချကာ ရင်ခွင်ထဲဖက်ထားလိုက်သည်။

''မောင်ပြောစရာရှိတယ်......''

''ဘာပြောမို့လဲ.....ငါအလုပ်နောက်ကျတော့မယ်....''

''အခုအလုပ်ကနေထွက်လိုက်....''

ဇေးလည်း မောင့်စကားကြောင့် ရင်ခွင်ထဲက ရုန်းထွက်လိုက်ပြီး မောင့်ကိုမော့ကြည့်လိုက်သည်။

''မောင်အတည်ပြောနေတာ..... ''

''မရဘူးလေမောင်ရယ်.....ငါမှ အလုပ်အသစ်မရှာရသေးတာ.....။ပြီးတော့ မောင်လည်းအဲ့မှာ အမြဲရှိနေတာပဲလေ....မောင်က ငါ့ကိုမယုံလို့လားဟင်....''

ဇေးလည်း မောင့်ရင်ဘက်မှာ ပါးတစ်ဖက်အပ်ကာ မောင့်ရဲ့ဘယ်ဘက်ရင်အုံအား လက်ညှိုးဖြင့် ထိုးဆော့နေလိုက်သည်။

နှစ်ယောက်စလုံးက ဘောင်ဘီအတိုနဲ့သာ။အပေါ်ပိုင်းကဗလာ။

''ဇေးကိုမယုံတာမဟုတ်ဘူးလေကွာ....စိတ်မချတာလေ.......''

''မောင်ကလည်း.....ငါအလုပ်သစ်မရခင် ဆက်လုပ်လိုက်အုံးမယ်လေ ။အလုပ်သစ်ရှာလို့ရရင်တော့ မလုပ်တော့ဘူးလေနော်.....''

''ဇေးကလည်း......မောင်......''

မင်းအရိပ်စကားမဆုံးသေး။ဇေးတစ်ခုခုကိုသတိရကာ အလန့်တကြားထပြောတော့သည်။

''အလုပ်ကထွက်လို့မရဘူးမောင်....ငါမေ့နေတာ...အလုပ်က စာချုပ်နဲ့ကြီး ။သုံးလမပြည့်ခင် အလုပ်ထွက်ရင် ငါလျော်ကြေးပေးရမှာ....''

Perfect Strangers.  💙💙 Where stories live. Discover now