2

616 10 0
                                    

Unicode

.......

''တီ......တီ......တီ....တီတီ..... ''

ခေါင်းရင်းရှိ နှိုးစက်အသံကြောင့် မင်းအရိပ် ခေါင်းကဆံပင်များကိုလက်ဖြင့်ထိုးဖွလိုက်သည်။မျက်လုံးကတော့ ပိတ်လျက်သာ။

အသံမြည်ရာကိုလက်ဖြင့်စမ်းလိုက်ပြီး လက်ထဲပါလာတဲ့အရာအား တွေ့ကရာပစ်ပေါက်လိုက်မိသည်။

''ခလွမ်း........''

ထိုအရာက နံရံနှင့်မိတ်ဆက်သွားပြီး တစ်စစီဖြစ်သွားတော့သည်။

ဇေးတစ်ယောက် နှိုးစက်အသံကြောင့် နိုးလာသည်။အကျင့်အတိုင်း မျက်လုံးကို မဖွင့်ဘဲ ခဏမှေးနေလိုက်သည်။

ဇေးတစ်ယောက် ဖက်လုံးကိုတင်းနေအောင်ဖက်လိုက်သည်။ဖက်လုံးက ဒီမနက် ပိုနွေးနေသလိုပဲ။ အတွေးဝင်နေတုန်း နံရံနဲ့ တစ်ခုခုရိုက်ခွဲသံကြောင့် လန့်ကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။

မြင်လိုက်ရတဲ့ အရာကြောင့် ထအော်မိလိုက်သည်။

''အားးးးး...........''
''ကျစ်.....ခင်ဗျာ.....ဘာလို့အော်နေတာလဲ....''

ဖက်လုံးအထင်နဲ့ တင်းနေအောင် ဖက်ထားတဲ့အရာက လူဖြစ်နေတာကြောင့် ဇေးလန့်ကာ ထအော်မိလိုက်သည်။

နေပါအုံး ဒင်းက ဘယ်လိုဖြစ်ပြီး အိပ်ယာပေါ်ရောက်နေတာလဲ။

''မင်း......ငါ့အိပ်ရာ ပေါ် ဘာလို့ရောက်​​နေတာလဲ။.....''

မင်းအရိပ်လည်း အိပ်မရတော့တာကြောင့် ထထိုင်လိုက်သည်။တစ်ယောက်အိပ်ကုတင်ဆိုတော့ နှစ်ယောက်ရဲ့အကွာအဝေးက နီးကပ်လွန်းသည်။

.......................................................

ညက.........

ဇေးအခန်းထဲဝင်သွားတော့ မင်းအရိပ်လည်း မှိတ်ထားတဲ့မျက်လုံးအားဖွင့်လိုက်သည်။ထို့နောက်ကျေနပ်စွာပြုံးလိုက်မိသည်။

သစ်သားခုံက မင်းအရိပ်အတွက် လုံးဝအဆင်မပြေပေ။ဘယ်လိုမှ အိပ်မရတာကြောင့် ဇေးအခန်းအားဖွင့်ကာ ဝင်လိုက်သည် ။မင်းအရိပ် ဝင်သွားတော့ ဇေးကအိပ်မောကျနေပြီ။

မင်းအရိပ်လည်း ကုတင်နားလျှောက်သွားလိုက်ပြီး အိပ်နေတဲ့ဇေးအား အသေးစိတ်ငေးကြည့်နေမိသည်။

Perfect Strangers.  💙💙 Where stories live. Discover now