....................ဇေးတစ်ယောက် ဒေါသတအားထွက်နေသည်။ဒီအားကုသိုလ်ကောင်ဟာ အလုပ်ထိလိုက်နှောက်ယှက်နေတယ်။
ဘယ်နေရာသွားသွား ဒင်းနဲ့မလွတ်ပေ။အသက်က လက်တောက်လောက်နဲ့ ပျက်စီးရမ်းကားနေတာ။
မင်းအရိပ်တစ်ယောက် ဘေးကတစ်ယောက်ကိုကြည့်ကာ ပြုံးလိုက်မိသည် ။ဒီလူက ဒေါသထွက်နေတာတောင် ချစ်ဖို့ကောင်းနေတုန်းပဲ။
''စိတ်ထဲကနေ ဆဲမနေနဲ့.......အဟက်...''
''မင်း.......''
''အရိပ်.....မိတ်ဆက်ပေးအုံးလေကွာ.....''
''ဟုတ်တယ်ဟျောင့် ငါတို့နဲ့မိတ်ဆက်ပေး...''
''ငါတောင် သူ့နာမည်မသိသေးဘူးဟ....''
အရိပ်စကားကြောင့် သူငယ်ချင်းသုံးယောက်စလုံး အံ့သြသွားရသည်။
အရိပ်လည်း ဘေးကလူနားကပ်ကာ...
''ခင်ဗျာ မိတ်ဆက်လိုက်အုံး....''
''ငါက ဘာဆိုင်လို့လဲ..... ''
''ခင်ဗျာ လူမှုရေး နားမလည်ဘူးလား...''
ဇေးလည်း နှာခေါင်းရှုံ့ပြလိုက်သည်။
''ဟွန့်......ဒီလိုနေရာမျိုးမှာ ငါက လူတကာကို လိုက်ပြီး ကျွန်တော်က ဘယ်သူပါ ခင်လို့ရပါတယ်ဆိုပြီး မိတ်ဆက်နေရမှာလား.....''
ဇေးစကားကြောင့် မင်းအရိပ် သောက်နေတဲ့အရက်တောင် နင်သွားရသည်။ဘာလဲဟ ဒီလူက ကပ်ကပ်လန်နေတာပဲ။
''ခင်ဗျာကို လူတကာနဲ့ မိတ်ဆက်ခိုင်းနေတာမှ မဟုတ်တာ ကျုပ်သူငယ်ချင်းတွေက လူကောင်းတွေ...... ''
''လဲသေလိုက်.....''
ဇေးလည်း ဆိုဖာမှ ထကာ ထွက်သွားရန်ပြင်လိုက်သည်။အကြောင်းသိနေတဲ့ မင်းအရိပ်က ဇေးလက်ကို ဆွဲချလိုက်သည်။
ရုတ်တရပ်ဆိုတော့ ဇေးလည်း အရှိန်မထိန်းနိုင်ဘဲ မင်းအရိပ်ရင်ခွင်ထဲ ကျသွားသည်။
''ဘယ်သွားမလို့လဲ ကျုပ်ကို အရက်ငှဲ့ပေး...''
ဇေးတစ်ယောက် ရှက်စိတ်ရော ဒေါသစိတ်ရောကြောင့် မင်းအရိပ်ရင်ခွင်ထဲက ရုန်းထွက်ကာ မင်းအရိပ်ပါးအား ရိုက်ချလိုက်သည်။
YOU ARE READING
Perfect Strangers. 💙💙
Romance***we are perfect strangers. no reason for our love🖤💜💙💚💛❤