4

587 4 2
                                    

.Unicode

ရိုင်းပြတဲ့ အသုံးအနှုန်းတွေပါသောကြောင့် မကြိုက်တဲ့သူများ ကျော်သွားကြပါ......

..................

''ခင်ဗျာကို ချစ်တယ် ဇေး....''

''ဟမ်....ပြွက်စ်...အွန်း...ပြွက်စ်....''

'အခု သူဘာစကားပြောလိုက်တာလဲ။နေပါဦး သူရူးနေတာလား။သူက ဇေးကိုချစ်တယ်တဲ့လား။'

ဇေးလောကကြီးနဲ့ အဆက်အသွယ် ပြတ်တောက်သွားသလိုဖြစ်သွားသည်။ဇေး သူ့ရဲ့အနမ်းတွေကို မတုန့်ပြန်မိပေ။

ဇေးကြားနေရတာ သူ့ရဲ့ရင်ခုန်သံလား ဇေးရဲ့ရင်ခုန်သံလား မသိတော့ပေ။သူမူးနေလို့ လူမှားပြီး ပြောနေတာလား။
ဟုတ်တယ်။သူကမူးနေတာပဲ။ဇေးလည်း သူ့အနမ်းဆီကနေ ရုန်းထွက်လိုက်သည်။

''မင်းမူးနေပြီ....ငါ့ကိုလွှတ်တော့....''

''ဇေး....ကျုပ်မူးနေပေမဲ့ ခင်ဗျားကိုချစ်တာ အတည်ပါ....''

ဇေးလည်း ခေါင်းကိုခါရမ်းလိုက်ပြီး

''မဟုတ်သေးဘူး...မင်းအကြောင်းလည်း ငါမသိသလို ငါ့အကြောင်းလည်းမင်း ဘာမှမသိဘူး...ငါတို့က ဒီတိုင်း....''

ဇေးစကားမဆုံးခင် ဇေးနှုတ်ခမ်းအား အရိပ်က လက်ညှိုးဖြင့် တားဆီးလိုက်သည်။

''တော်တော့ဇေး....ခင်ဗျား သူစိမ်းလို့ပဲ ပြောအုံးမလို့လား....။အချစ်တစ်ခုမှာ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့လိုလို့လား..။''

အရိပ်လည်း ဇေးလက်ကိုကိုင်ပြီး ခုန်နေတဲ့ နှလုံးသားပေါ် တင်ပေးလိုက်တယ်။

''ဇေးကြားရဲ့လား ကျုပ်ရဲ့နှလုံးခုန်သံတွေကို ''

ဇေးလည်း သူ့အကြည့်တွေကနေ လွှဲလိုက်မိသည်။ငါတို့က မဖြစ်နိုင်ဘူးလေ။

''မင်း.....အရက်သောက်တာများသွားလို့နေမယ်...''

''အဟက်...ဇေးရာ....ခင်ဗျားလည်း ရင်တွေခုန်နေတာပဲလေ....''

''ဘယ်...ဘယ်မှာခုန်နေလို့လည်း....''

''အဲ့ဒါဆိုရင်လည်း ကျုပ်အကြည့်တွေကို ရင်ဆိုင်ရဲလား....''

ဇေးလည်း သူ့မျက်လုံးအား စိုက်ကြည့်ပေးလိုက်သည်။သူ့အကြည့်တွေက ဇေးအားလွှမ်းမိုးနေသည်။နူးညံ့နေသလိုနဲ့ အရိုင်းဆန်နေသည်။

Perfect Strangers.  💙💙 Where stories live. Discover now